ဆေးကုသရန်အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများသို့ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများက သွားရောက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်   ဇူလိုင်  ၁၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည် မြို့နယ်ဆေးရုံ၊   ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊     ညောင်ရမ်း တိုက်နယ်ဆေးရုံ၊    သပိတ်ကျင်းမြို့နယ်      တကောင်းတိုက်နယ်ဆေးရုံ၊   ကျောက်ဆည် မြို့နယ်     စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊      မတ္တရာ မြို့နယ်    ပြည်သူ့ဆေးရုံ၊    ပျော်ဘွယ်မြို့နယ်     ယင်းတော်တိုက်နယ်ဆေးရုံ၊    ကူမဲတိုက်နယ် ဆေးရုံနှင့်     ရွှေညောင်ဖူးတိုက်နယ်ဆေးရုံ၊ ဝမ်းတွင်းမြို့နယ်      ပင်းတလဲတိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံ၊    တောင်သာ မြို့နယ် ဝဲလောင်တိုက်နယ်ဆေးရုံ၊ ကျောက်ပန်း တောင်းမြို့ နယ် ပြည်သူ့ဆေးရုံနှင့် ညောင်ဦး  ခရိုင်ပြည်သူ့ဆေးရုံတို့ရှိ    ဝန်ထမ်းများနှင့်  လူနာရှင်များက အကူအညီတောင်းခံမှုကြောင့် တပ်မတော်မှ      ဆေးကုသရေးအဖွဲ့များကို စေလွှတ်၍      ရောဂါဝေဒနာခံစားနေရသည့်  ဒေသခံပြည်သူများကို  လိုအပ်သည့်  ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ 
ယနေ့တွင်လည်း   ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊    သွားနှင့်ခံတွင်းရောဂါ၊    အရိုးအကြော ရောဂါ၊ အစာအိမ်ရောဂါ၊   မျက်စိရောဂါ၊  နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊အထွေထွေ  ရောဂါတို့နှင့်     ပတ်သက်၍   လိုအပ်သည့် ကျန်းမာရေး    စစ်ဆေးကုသပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးပြီး ခွဲစိတ်ကုသရန် လိုအပ်သော လူနာများအား ခွဲစိတ်ကုသပေး ခြင်းများ   ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်