
ဘဲလ်ဂရိတ် မေ ၄
ဆားဘီးယားနိုင်ငံ မြို့တော် ဘဲလ်ဂရိတ်ရှိ စာသင်ကျောင်း တစ်ကျောင်းတွင် မေ ၃ ရက်က အသက် ၁၃ နှစ် အရွယ် လူငယ် တစ်ဦး၏ သေနတ်ပစ်ခတ်မှု ကြောင့် လူ ကိုးဦး ထက်မနည်း သေဆုံးခဲ့သည်ဟု သိရသည်။ သေဆုံးသူများထဲတွင် ကျောင်း သား ကျောင်းသူ ရှစ်ဦး ပါဝင် သည်ဟု သိရသည်။ နံနက် ၈ နာရီဝန်းကျင်က သေနတ်ပစ်ခတ် မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
စာသင်ခန်းအတွင်းနှင့် အခြား သော နေရာများသို့ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေဆုံး သူများထဲတွင် လုံခြုံရေး တစ်ဦး လည်း ပါဝင်ခဲ့သည်။ ကျောင်း သား ခြောက်ဦးနှင့် ဆရာ တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှု ခံယူနေ ရသည်။ သေနတ်ဖြင့် ပစ်ခတ် သူ ကိုယ်တိုင် ရဲများကို အကြောင်းကြားခဲ့ပြီး ကျောင်း ဝင်းအတွင်း၌ပင် အဖမ်းခံခဲ့ သည်ဟု နိုင်ငံခြားမီဒီယာများ တွင် ဖော်ပြကြသည်။
အဆိုပါသေနတ်မှာ ပစ်ခတ် သူ၏ ဖခင်ပိုင်ဆိုင်သည့် သေနတ် ဖြစ်သည်။ အဆိုပါ ပစ်ခတ်သူ ၏ လှုပ်ရှားမှုများကို ရဲများက အသေးစိတ် စုံစမ်းစစ်ဆေး လျက်ရှိသည်။ စာသင်ကျောင်း အတွင်း ပစ်ခတ်မှုဖြစ်ပွားခြင်း မှာ ဆားဘီးယားနိုင်ငံတွင် ရှားပါးသည့် ဖြစ်ရပ်ဖြစ်ကြောင်း နိုင်ငံခြား မီဒီယာများတွင် ဖော်ပြကြသည်။
အင်န်အိတ်ချ်ကေ