
နေပြည်တော် မတ် ၁၆
ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၁၂)ကြိမ် မြောက် အာဆီယံတပ်မတော်စစ်ဆင်ရေးမှူးချုပ် များ အစည်းအဝေး 12th ASEAN Military Operation Meeting (12th AMOM) သို့ တက်ရောက်ခဲ့သည့် မြန်မာ့တပ်မတော်မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် မတ် ၁၄ ရက် နှင့် ၁၅ ရက်တို့တွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံမှ (12th AMOM) ဥက္ကဋ္ဌဖြစ်သူ အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ် Major General Pen Sokre-thvithyea ၊ ထိုင်းနိုင်ငံမှ Lieutenant General Chitchanok Nujjaya ၊ ဖိလစ်ပိုင်နိုင်ငံမှ Major General Alex S Rillera Pa ၊ လာအိုနိုင်ငံမှ Brigadier General Sonethong Keolokham ၊ ဘရူနိုင်းနိုင်ငံမှ Col. Saifulrizal bin Abdul Latif တို့နှင့် သီးခြားစီ တွေ့ဆုံသည်။
ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
အဆိုပါ တွေ့ဆုံပွဲများတွင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေနှင့် အစိုးရ၏ ကြိုးပမ်းဆောင် ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်မှုဆိုင်ရာ ကိစ္စရပ်များ၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်