
မိုဘိုင်းဖုန်းတွေအတွက် အွန်လိုင်းကနေရော အော့ဖ်လိုင်းအနေနဲ့ရော ကစားနိုင်တဲ့ Chess ဂိမ်း အမျိုးမျိုးရှိတဲ့အနက် လူသိအများဆုံး ဝက်ဘ်ဆိုက်ဖြစ်တဲ့ chess.com ကထုတ်ထားတဲ့ဂိမ်းကတော့ အွန်လိုင်း အနေနဲ့ ကစားလို့အကောင်းဆုံးဂိမ်းဖြစ်ပါတယ်။
ဒီဂိမ်းအတွက် Account ကို ဂျီမေးလ်နဲ့ဖြစ်စေ၊ ဖေ့စ်ဘွတ်နဲ့ချိတ်ပြီး ဖြစ်စေ အလွယ်တကူဖွင့်နိုင်ပြီးတော့ အကောင့်ဖွင့်ပြီးတာနဲ့ ကမ္ဘာ အနှံ့က အွန်လိုင်းကစားသူတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အလွယ်တကူ ကစားနိုင်မှာဖြစ်သလို Account ရှိတဲ့ သူငယ်ချင်း အချင်းချင်းလည်း ချိတ်ဆက်ကစားနိုင်ပါတယ်။ အစပိုင်းမှာ လက်ရည်ကွာခြားမှုတွေ ရှိနိုင်ပေမယ့် ပွဲအနည်းငယ်ကစားပြီးတာနဲ့ ကိုယ့်အဆင့်ကို သတ်မှတ် ပေးမှာဖြစ်လို့ နောက်ပိုင်းမှာ လက်ရည်တူချင်းတွေ ကစားရမှာဖြစ် ပါတယ်။ ကစားရာမှာ ပွဲကြာချိန်ကို ကြိုက်သလို ရွေးချယ်သတ်မှတ်နိုင်ပြီး ကိုယ်နဲ့အဆင့်ချင်း၊ ပွဲချိန်သတ်မှတ်ချက်ချင်းတူတဲ့ အခြားကစားသူ တွေနဲ့ပဲ ချိတ်ပေးမှာ ဖြစ်ပါတယ်။
ကစားပြီးတဲ့ပွဲတိုင်းရဲ့ ရွှေ့ကွက်တွေကိုလည်း မှတ်တမ်းထားပေး တာကြောင့် ကိုယ်ရွှေ့မိတဲ့အမှားတွေကို အချိန်မရွေးပြန်ကြည့်ပြီး လေ့လာနိုင်ပါတယ်။ ဒါ့အပြင် chess ကစားရာမှာ အရေးကြီးတဲ့ အဖွင့် ပိုင်း၊ ပွဲလယ်ပိုင်းနဲ့ ပွဲသိမ်းပိုင်း ရွှေ့ကွက်တွေကိုလည်း ဉာဏ်စမ်းအနေနဲ့ လေ့ကျင့်နိုင်မှာဖြစ်ပါတယ်။ ကျော်ဇင်ဦး