စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကျင်းပ

 

ခေါင်းဆောင်ငယ်များဖြစ်လာကြမည့်သူများဖြစ်သည့်အတွက် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ ကျင့်ကြံအားထုတ်နေထိုင်ပြီး အမိစစ်တက္ကသိုလ်၏ဂုဏ်ကို ဆောင်နိုင်သော လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် နောင်တစ်ခေတ်၏ ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြရန်လို

 

နေပြည်တော်  ဒီဇင်ဘာ  ၂


စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၆၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး  မဟာသရေစည်သူ မင်းအောင်လှိုင်  တက်ရောက်မိန့်ခွန်းပြောကြားသည်။       

 


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်နှင့်အတူ  ဇနီး  ဒေါ်ကြူကြူလှ၊  ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး သီရိပျံချီ မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး   ဇေယျကျော်ထင်  မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)  ဗိုလ်ချုပ်ကြီး  ဇေယျ ကျော်ထင် ထွန်းအောင်နှင့်ဇနီး၊  ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာနိုင်ငံခြားစစ်သံရုံးများမှ  စစ်သံမှူးများ၊  စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး၊ ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊  ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘအုပ်ထိန်းသူများဖြစ်သည့် စစ်တက္ကသိုလ်၊  စာပေဌာနနှင့်  လေ့ကျင့်ရေးဌာန တို့မှ     နည်းပြအရာရှိများနှင့်    ဆရာ၊   ဆရာမ များ၊    ဖိတ်ကြားထားသည့်    ဧည့်သည်တော်များ တက်ရောက်ကြသည်။

 


ချီတက်အလေးပြု

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်အား ဗိုလ်လောင်း တပ်ခွဲများက  အနှေးလျှောက်၊  အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မဟာသရေစည်သူ မင်းအောင်လှိုင် က စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ် စဉ်(၆၄)မှ  အောင်စစ်သည်ဆုရရှိသူ  ဗိုလ်လောင်း အမှတ် ၃၅၀၃၅၊  ဗိုလ်လောင်း   ထွန်းလင်းကျော်၊ လေ့ကျင့်ရေး  ထူးချွန်ဆုရရှိသူ  ဗိုလ်လောင်းအမှတ် ၃၅၀၄၂၊ ဗိုလ်လောင်း နေလင်းစိုး၊ စာပေထူးချွန်ဆု (ဝိဇ္ဇာ)  ရရှိသူ   ဗိုလ်လောင်းအမှတ်    ၃၄၉၈၅၊ ဗိုလ်လောင်း ဇွဲညီမင်းပိုင်၊ စာပေထူးချွန်ဆု (သိပ္ပံ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၂၁၄၊ ဗိုလ်လောင်း မျိုးမင်းအောင်၊ စာပေ ထူးချွန်ဆု(ကွန်ပျူတာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၅၂၂၄၊ ဗိုလ်လောင်း သူရိန်စိုး တို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။

 


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး    မဟာသရေစည်သူ     မင်းအောင်လှိုင်က သင်တန်းဆင်းမိန့်ခွန်း    ပြောကြားရာတွင်   “တပ် မတော်  (ကြည်း၊ ရေ၊ လေ)အတွက်  လိုအပ်သည့် လက်ရုံးရည်   နှလုံးရည်နှင့်ပြည့်စုံသော   အရာရှိ ကောင်းများ မွေးထုတ်ပေးရန်”  ဟူသည့်   စစ် တက္ကသိုလ်၏ ရည်ရွယ်ချက်နှင့်အညီ တပ်မတော်၏ ခေါင်းဆောင်ငယ်များအဖြစ်  မွေးထုတ်လိုက်ခြင်း သည် တိုင်းပြည်တာဝန်၊ နိုင်ငံ့တာဝန်ကို တပ်ရင်း၊ တပ်ဖွဲ့များတွင် အခြေခံကျကျ တာဝန်ထမ်းဆောင် နိုင်စေရန်ဖြစ်ကြောင်း၊ တပ်မတော်သည် လွတ်လပ် ရေး   ကြိုးပမ်းမှုသမိုင်းကြောင်းနှင့်အတူ    ယှဉ်တွဲ ပေါ်ပေါက်လာခဲ့သည့် တပ်မတော်ဖြစ်ကြောင်း၊ ဗမာ့ လွတ်လပ်ရေးတပ်မတော် (BIA) အဖြစ် တပ်မတော်၏ ဖခင်  ဗိုလ်ချုပ်အောင်ဆန်း   ဦးဆောင်ဖွဲ့စည်းခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)၊ ဗမာ့အမျိုးသား တပ်မတော် (BNA)၊   မျိုးချစ်ဗမာ့တပ်မတော်  (PBF)၊ ဗမာ့တပ်မတော် (Burma Army)အဖြစ်  အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ် တော်လှန်ရေးများမှ   လွတ်လပ်ရေးရသည်အထိ ပြည်သူကို    ဦးဆောင်လက်တွဲ   တိုက်ပွဲဝင်ခဲ့သည့် တပ်မတော်ဖြစ်ကြောင်း။

 


စစ်တက္ကသိုလ်မှ   နိုင်ငံတော်တာဝန်များ   ထမ်း ဆောင်ရန်အတွက် လေ့ကျင့်သင်ကြား ပျိုးထောင်ပေး လိုက်ခြင်းသည် အခြေခံမျှသာဖြစ်ကြောင်း၊ မိမိတို့ ရောက်ရှိ တာဝန်ထမ်းဆောင်ကြရမည့် လက်တွေ့ နယ်ပယ်တွင်   ယင်းပညာရပ်များကို  အခြေခံပြီး လက်တွေ့ဘဝနှင့်    ပေါင်းစပ်အကောင်အထည် ဖော်   ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ထိုကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်သည့်နေရာတွင် တပ်မတော်က  ချမှတ်ထားသည့်   ခေါင်းဆောင်မှု အင်္ဂါရပ်(၁၆)ရပ်နှင့်အညီ ကျင့်ကြံကြိုးစားလုပ်ဆောင် ရန် လိုအပ်ကြောင်း။ 

 


မိမိတို့တပ်မတော်သားများသည် တပ်မတော်၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း၊ စည်းကမ်းဥပဒေများ ကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရသည့်အပြင် နိုင်ငံတော်က ချမှတ်ထားသည့်ဥပဒေနှင့် စည်းကမ်း များကိုလည်း နိုင်ငံသားတစ်ဦးအနေဖြင့် လိုက်နာကြ ရသူများဖြစ်ကြောင်း၊  ထို့အပြင်   နိုင်ငံတကာတွင် လက်ခံကျင့်သုံးနေသည့် စစ်ပွဲဆိုင်ရာ ဥပဒေသများကို လည်း    သိရှိလိုက်နာကြရကြောင်း၊   တစ်ဦးချင်း တစ်ယောက်ချင်း    စည်းကမ်းကောင်းမွန်မှုရှိမှသာ တပ်မတော်၏အားကို တည်ဆောက်နိုင်ပြီး တိုင်းရင်း သားပြည်သူအားလုံး၏ ယုံကြည်ကိုးစားမှုကိုရရှိစေ မည်ဖြစ်ကြောင်း၊  ထို့ကြောင့်    ပြဋ္ဌာန်းထားသည့် ဥပဒေများ၊ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း များကို  လေးစားလိုက်နာမှု၊   စိတ်ဓာတ်စည်းကမ်း ကောင်းမွန်မှု၊ အမိန့်နာခံတတ်မှုများနှင့် မိမိတို့၏ ဘဝကို ကြိုးစားမြှင့်တင် သွားကြရမည်ဖြစ်ကြောင်း၊ ထို့အပြင်  စည်းကမ်းကောင်းသည့်   တပ်မတော်၊ စည်းကမ်းရှိသည့် အဖွဲ့အစည်း၊ စည်းကမ်းအရာတွင် စံနမူနာဖြစ်သည့် အဖွဲ့အစည်းအဖြစ် တပ်မတော်၏ အစဉ်လာကောင်းများကို ဆက်လက်ထိန်းသိမ်းရန် လည်း မှာကြားလိုကြောင်း။

 


တပ်မတော်သားများသည်   သစ္စာလေးချက်ကို နေ့စဉ်ရွတ်ဆိုပြီး     အဓိဋ္ဌာန်ပြုနေကြသူများဖြစ် ကြောင်း၊ မည်သူကပင်  ကြားဝင်  သွေးခွဲပြီး  တပ် မတော်  ပြိုကွဲအောင် သွေးဆောင်ဖြားယောင်းသည် ဖြစ်စေ မယိုင်မလဲ လေးနက်ခိုင်မာသည့် အမျိုးသား ရေးစိတ်ဓာတ်အပြည့်ဖြင့် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်သွားကြရန်လိုသည်ဟု     တိုက်တွန်း ပြောကြားလိုကြောင်း၊ လက်ရုံးရည်ပြည့်ဝစေရန် စဉ်ဆက်မပြတ် လေ့ကျင့်နေရမည်ဖြစ်သကဲ့သို့ နှလုံး ရည်  ပြည့်ဝစေရန်လည်း  ယုံကြည်ချက်၊   ခံယူချက်၊ အတွေးအခေါ်၊   ဗဟုသုတများရရှိအောင်   သုတ၊ ရသ  စာအုပ်စာပေများကို  အမြဲဖတ်ရှုလေ့လာနေရ မည်ဖြစ်ကြောင်း။

 


စာကောင်းပေမွန်များကို ဖတ်ရှု


စာပေကပေးသည့် အသိအမြင်၊ အတွေးအခေါ် များသည် စိတ်ဓာတ်ခံယူချက်များကို မြင့်တက်လာ စေမည်ဖြစ်သဖြင့် စာကောင်းပေမွန်များကို ဖတ်ရှု ခြင်းအားဖြင့်   မိမိကိုယ်ကို   ထိန်းသိမ်းလာနိုင်ပြီး စိတ်ဓာတ်စည်းကမ်းများ ပိုမိုတိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း၊  တပ်မတော်တစ်ရပ်အရည် အချင်းပြည့်ဝရန်အတွက်  လေ့ကျင့်ရေးသည်  မရှိ မဖြစ်  လိုအပ်သည့်  အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့  မိမိတို့တပ်မတော်အတွက်  အရေးကြီးဆုံး  လုပ်ငန်း လည်းဖြစ်ကြောင်း၊ “ချွေးထွက်များမှ သွေးထွက်နည်း မည်”ဟူသည့် လေ့ကျင့်ရေး ဆောင်ပုဒ်အတိုင်း မိမိ ကိုယ်ကို    လေ့ကျင့်သားပြည့်ဝသူများဖြစ်အောင် အားထုတ် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ “ကျန်းမာ ကြံ့ခိုင်ရမည်၊ ကျွမ်းကျင်ရမည်၊ ရဲစွမ်းသတ္တိ ရှိရမည်” ဟူသည့် တပ်မတော်၏ လေ့ကျင့်ရေးမူဝါဒများနှင့် အညီ  စိတ်ပိုင်း၊  ရုပ်ပိုင်းအစဉ်   ကြံ့ခိုင်မှုရှိအောင် စဉ်ဆက်မပြတ်   လေ့ကျင့်နေကြရန်  မှာကြားလို ကြောင်း၊   ထို့ကြောင့်   “လေ့ကျင့်မှ   ကျွမ်းကျင်၊ ကျွမ်းကျင်မှ  ယုံကြည်၊    ယုံကြည်မှ  ရဲရင့်၊  ရဲရင့်မှ အောင်ပွဲဆင်” ဟူသည့် ဆောင်ပုဒ်အတိုင်း အောင်မြင် မှု၏သော့ချက်ဖြစ်သည့်  လေ့ကျင့်ရေးကို   ပေါ့ပေါ့ တန်တန်သဘောမထားဘဲ    အလေးအနက်ထား ကြိုးစားလုပ်ဆောင်သွားရန် မှာကြားလိုကြောင်း။

 


တပ်မတော်သည်    ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန် အရေးသုံးပါးကို  အမျိုးသားရေးမူဝါဒအဖြစ်   အမြဲ ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်၊    ပြည်သူ့အကျိုးပြုလုပ်ငန်း တာဝန်ဟူသည့်   တပ်မတော်၏    အဓိကလုပ်ငန်း တာဝန် ၃ ရပ်ကို  အစဉ်တစိုက်  ထမ်းဆောင်လျက် ရှိကြောင်း။

 


ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်


နိုင်ငံတော်တွင်     မည်သည့်နိုင်ငံရေးစနစ်၊ မည်သည့်အစိုးရ ဦးဆောင်သည်ဖြစ်စေ တပ်မတော် အနေဖြင့်   တစ်မျိုးသားလုံးနှင့်   သက်ဆိုင်သည့် အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါး ကို  ဆက်လက်ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးသည်   အနိမ့်ဆုံးအဆင့် ပြည်သူလူထု၏      အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်၊ အမြင့်ဆုံးအဆင့် နိုင်ငံတော်၏ အမျိုး သားရေးတာဝန်ဖြစ်သည့်   ဒို့တာဝန်အရေးသုံးပါး ကို  ကာကွယ်ရန်ဖြစ်ပြီး  တပ်မတော်သားများသည် ကိုယ်ပိုင်ဆန္ဒနှင့်အညီ      အများအကျိုးအတွက် ကာကွယ်ရေးတာဝန်    ထမ်းဆောင်နေခြင်းဖြစ် ကြောင်း။

 


ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၂၀ (စ) အရ  ဒို့ တာဝန်အရေးသုံးပါးနှင့်  ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော် နှင့်    တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် ကာကွယ်စောင့်ရှောက်သူ   (Guardian)   အဖြစ် ယင်းတာဝန်များကို       ထမ်းဆောင်သွားမည် ဖြစ်ကြောင်း။

 


မိမိတို့နိုင်ငံ၏၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည်     အခြေခံဥပဒေကို    ကာကွယ် စောင့်ရှောက်ရန်၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန်၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ရန် အဓိက တာဝန်ရှိကြောင်း၊ ထို့ကြောင့်  တပ်မတော်အနေဖြင့် နိုင်ငံတော်အတွက်   အသက်ခန္ဓာသဖွယ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ယိမ်းယိုင်ပျက်စီးအောင် ပြုလုပ်လာသည့် အပြုအမူ မှန်သမျှကို ဥပဒေနှင့်အညီ ကာကွယ်တားဆီးခြင်း သည်   သမိုင်းပေးတာဝန်   ထမ်းဆောင်ခြင်းသာ ဖြစ်ကြောင်း။

 


တပ်မတော်အနေဖြင့် နိုင်ငံတော်တာဝန်များကို ခေတ္တတာဝန်ယူနေစဉ်အတွင်း၌လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းပြီး ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကိုချမှတ်ကာ နိုင်ငံ တော်ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အမျိုးသားရေးလုပ်ငန်း စဉ်   ၂  ရပ်အဖြစ်   တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက်    အားသွန်ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ ငြိမ်းချမ်းရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးလုပ်ငန်းစဉ်အဖြစ်  ငြိမ်း ချမ်းရေးအတွက် ယခုနှစ်မှစတင်၍   ခြေလှမ်းသစ် များဖြင့် ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုကြောင်း။

 


တပ်မတော်က ပြည်သူလူထုလိုလားသည့် ပါတီ စုံ  ဒီမိုကရေစီစနစ် ပေါ်ပေါက်စေရန်အတွက် ခိုင်ခိုင် မာမာဆောင်ရွက်ပေးခဲ့သည်ကို    တွေ့ရှိရမည်ဖြစ် ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ် စတင်ကျင့်သုံးပြီး နောက်ပိုင်း အချို့နိုင်ငံရေးကိစ္စများတွင် အစိုးရနှင့် တပ်မတော်အကြား သဘောထားမတိုက်ဆိုင်သည် များ တွေရှိခဲ့သော်လည်း  တိုင်းပြည်တိုးတက်ရေး အတွက် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေး  အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊  ၂၀၂၁  ခုနှစ်တွင် တပ်မတော်က  နိုင်ငံရေးအရ  ဖြစ်ပေါ်လာခဲ့သည့် အရေးပေါ်အခြေအနေများအရ     နိုင်ငံ့တာဝန်ကို ခေတ္တတာဝန်ယူရပြီးနောက်ပိုင်းတွင် တိုင်းပြည်ပျက် စီးရာပျက်စီးကြောင်း လုပ်နေသည့်သူများကိုလည်း အရေးယူခဲ့ရသည်ကိုတွေ့ရှိရကြောင်း။
နိုင်ငံရေးအရ   အရေးယူခြင်းမဟုတ်ဘဲ  ၎င်းတို့ ကျူးလွန်ခဲ့သည့်  ဥပဒေချိုးဖောက်မှုများကြောင့်ပင် ဥပဒေအရသာ အရေးယူခဲ့ရခြင်းဖြစ်ကြောင်း၊ ဥပဒေ အထက်တွင် မည်သူမျှမရှိသည်ကို ဖော်ပြနေခြင်းပင် ဖြစ်ကြောင်း။

 


လွတ်ငြိမ်းချမ်းသာခွင့်ပေး


အလားတူ ဥပဒေကြောင်းအရ အရေးယူခဲ့သည့် သူအချို့ကိုလည်း အရေးယူပြီးနောက်ပိုင်း တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတွင် အတူပူးပေါင်းဆောင်ရွက်နိုင် စေရန် ပြစ်ဒဏ်လျော့ပေါ့ခြင်း၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းများအား  ဆောင်ရွက်ပေးခဲ့ကြောင်း၊   ထိုသို့ ဆောင်ရွက်ခဲ့ခြင်းသည် နိုင်ငံတော်အနေဖြင့် သဘော ထားကြီးမားစွာနှင့် နိုင်ငံ့အကျိုး ရှေးရှုပြီး ဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ကြောင်း၊  မိမိတို့နိုင်ငံသည် လာမည့် ဇန်နဝါရီ  ၄  ရက်တွင် လွတ်လပ်ရေးရရှိသည်မှာ  (၇၅) နှစ်တာကာလရောက်ရှိပြီ ဖြစ်ကြောင်း။

 


လွတ်လပ်ရေးရရှိစဉ်မှစ၍  ယနေ့အထိ အစိုးရ အမျိုးမျိုး၊ စနစ်အမျိုးမျိုးဖြင့် နိုင်ငံတော်ကို ကြိုးစား တည်ဆောက်ခဲ့ကြကြောင်း၊  နိုင်ငံတော်အကျိုးကို ကျရာတာဝန်မှ  ကြိုးပမ်းဆောင်ရွက်ခဲ့ကြမှုများ  သည်  သမိုင်းတွင် မှတ်တိုင်အဖြစ်ရှိနေကြကြောင်း၊ ထို့ကြောင့်(၇၅)နှစ်တာကာလအတွင်း နိုင်ငံအကျိုးသယ်ပိုးခဲ့သူများကို  ထိုက်တန်စွာ အသိမှတ်ပြုဂုဏ်ပြု သည့်အနေဖြင့် ဘွဲ့ထူး၊  ဂုဏ်ထူး၊  ဆုတံဆိပ်များကို နိုင်ငံတော်က ချီးမြှင့်ခဲ့ကြောင်း၊ မည်သို့သော သဘော ထားကွဲလွဲမှုများဖြစ်ပါစေ နိုင်ငံအကျိုးဖော်ဆောင် ခဲ့သူများဖြစ်သည်ဆိုသည်ကို ပြောလိုကြောင်း။

 


(၇၅)နှစ်တာကာလအတွင်းတွင်လည်း  နိုင်ငံရေး စနစ်အမျိုးမျိုး   ကျင့်သုံးခဲ့သည်ကို   တွေ့ရမည်ဖြစ် ကြောင်း၊ ဖြတ်သန်းခဲ့ရသည့် သမိုင်းအတွေ့အကြုံအရ မိမိတို့နိုင်ငံကို   တည်ဆောက်ရာတွင်   ပါတီစုံဒီမို ကရေစီစနစ် တစ်ခုတည်းနှင့်မပြည့်စုံဘဲ တိုင်းရင်း သားအားလုံးပေါင်းစည်းနေထိုင်ပြီး  အခွင့်အရေးမျှဝေ ခံစားနိုင်သည့် ပြည်ထောင်စုစနစ် တည်ဆောက်သွား ခြင်းသည် မိမိတို့နိုင်ငံအတွက်  အသင့်တော်ဆုံးဖြစ် သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ တော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံ သည့် ပြည်ထောင်စုကို တည်ဆောက်သွားရမည်ဖြစ် ကြောင်း။
ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ၎င်းတို့ကို ကိုယ်စားပြုသည့်သူများကို ကိုယ်တိုင်ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်ဖြစ်ကြောင်း၊    ဖက်ဒရယ်စနစ် ဆိုသည်မှာ   မတူကွဲပြားနေသည့်  တိုင်းဒေသကြီး/ ပြည်နယ်များတွင်   လူမျိုးများ၊   လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ပိုင်ခွင့်များကို ခွဲဝေကျင့်သုံး သည့် အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်း နေထိုင်ခြင်း၊ မျှဝေခံစားခြင်းဖြစ်ကြောင်း။

 


ထို့ကြောင့်   ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့်   ပြည်ထောင်စုစနစ်ဟု     ဆိုရာတွင် ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများက ရွေးချယ်သည့် အုပ်ချုပ်ရေးစနစ်တွင် ပြည်ထောင်စု တစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူများ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက်  အခြေခံဥပဒေအရ  ပြဋ္ဌာန်းခွင့်များရရှိမည် ဖြစ်ကြောင်း။

 


မည်သည့်ပုဂ္ဂိုလ်၊   အဖွဲ့အစည်း၊   တာဝန် ထမ်းဆောင်မှုမျိုးကိုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြဋ္ဌာန်းထားသည့်ဥပဒေအတိုင်း  လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊        စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာ ရန်    အခြေခံသည်      လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ     အထွေထွေရွေးကောက်ပွဲဖြစ် ကြောင်း၊ ရွေးကောက်ပွဲမှတစ်ဆင့် ရရှိလာသည့်ရလဒ် များအရ လွှတ်တော်အသီးသီးနှင့်  အစိုးရအဖွဲ့တို့ကို ဖွဲ့စည်းတည်ဆောက်ပြီး   နိုင်ငံတော်ယန္တရားကို လည်ပတ်ကြရကြောင်း။

 


တိုင်းပြည်တည်ဆောက်ရေးကို ပုံဖော်နေ


ထို့ကြောင့် နောင်ပြုလုပ်မည့်ရွေးကောက်ပွဲများတွင်  တိုင်းရင်းသားများ၊  ဒေသများနှင့်   နိုင်ငံအနှံ့ လူထုလူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြု သည့်သူများ  ဝင်ရောက်အရွေးချယ်ခံနိုင်ရန်နှင့် နိုင်ငံ အနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည်ကို  ပြောကြားလိုကြောင်း၊  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်  နိုင်ငံရေးလုပ်နေ ခြင်းမဟုတ်ဘဲ   နိုင်ငံ့အရေးဖြစ်သည့်   တိုင်းပြည် တည်ဆောက်ရေးကို ပုံဖော်နေခြင်းဖြစ်ကြောင်း။

 


ငြိမ်းချမ်းမှုမရှိသည့်ဒေသတွင် ဖွံ့ဖြိုးတိုးတက်မှု ဆိုသည်မှာ အလှမ်းဝေးနေမည်ဖြစ်သကဲ့သို့ ဒေသခံ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည်များလည်း နိမ့်ကျနေမည်ပင်ဖြစ် ကြောင်း၊ တိုင်းရင်းသားပေါင်းစုံနှင့် စုစည်းထားသည့် မိမိတို့   တပ်မတော်အနေဖြင့်    လူမျိုးရေးခွဲခြားမှု ဆိုသည်မှာ  လုံးဝမရှိဘဲ  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် မှုနှင့် တိုင်းရင်းသားများ၏ လူမှုအကျိုးစီးပွားတိုးတက် မှုကိုသာ အဓိကလိုလားသည်ကို အားလုံးအသိပင် ဖြစ်ကြောင်း။

 


ထို့ကြောင့်     မိမိတို့     တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ငြိမ်းချမ်းရေး မူဝါဒ (၆) ရပ်ကို  ချမှတ်ပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများကို စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်အရင်းခံနှင့် ငြိမ်းချမ်းရေးဆောင်ရွက်ရန် အတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူတို့နှင့်အတူ အားသွန်ခွန်စိုက်ကြိုးပမ်းနေခြင်းဖြစ်ကြောင်း။

 


တွေ့ဆုံဆွေးနွေးမှုများ  ပြုလုပ်လျက်ရှိ


ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာ တွင်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဟူသည့်   အခြေခံအချက် ၂  ခုအပေါ်တွင် အခြေခံပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ လက်တွေ့ကျကျတိုးတက်လာနိုင်စေ ရေး   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နှင့်    တွေ့ဆုံဆွေးနွေးမှုများ    ပြုလုပ်လျက်ရှိရာတွင် ပြည်ထောင်စုစိတ်ဓာတ်ကို   အခြေခံပြီး  ဒေသနှင့် တိုင်းပြည်အတွက် ပကတိလိုအပ်ချက်များကို ညှိနှိုင်း ဆွေးနွေးလျက်ရှိကြောင်း၊  ထိုသို့ဆွေးနွေးရာတွင် လည်း ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် ရလဒ် ကောင်းများ ရရှိခဲ့ကြောင်း။

 


ထို့ပြင် နိုင်ငံရေးလုပ်ငန်းစဉ် ၂ ရပ်ဖြစ်သည့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့်   ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် တို့ကိုအခြေခံပြီး    ဆောင်ရွက်သွားမည်ဖြစ်ခြင်း ကြောင့် NCA  မှာ လက်မှတ်ရေးထိုးရန်  ကျန်ရှိနေ သေးသည့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း တပ်မတော်အနေဖြင့် တံခါးဖွင့်ပေးထားပြီး ကြိုဆိုလျက်ရှိကြောင်း၊ ထို့ကြောင့် ဒို့တာဝန်အရေး သုံးပါးမူဝါဒကို လေးစားတန်ဖိုးထားပြီး  ပေါင်းစည်း ညီညွတ်သော   ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စု   ဖော်ဆောင်နိုင်ရန် အတွက် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ရာတွင် မိမိကျရာ အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်သွားကြရန်    တိုက်တွန်းပြောကြားလို ကြောင်း။

 


ခေါင်းဆောင်ငယ်များ ဖြစ်လာကြမည့်သူများဖြစ် သည့်အတွက် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့်အညီ ကျင့်ကြံအားထုတ်နေထိုင်ပြီး အမိစစ်တက္ကသိုလ်၏ ဂုဏ်ကို ဆောင်နိုင်သော လက်ရုံးရည်၊  နှလုံးရည် ပြည့်ဝသည့်  နောင်တစ်ခေတ်၏   ခေါင်းဆောင် ကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားကြ ရန်လိုကြောင်း မှာကြားသည်။    
ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် သည်  ဗိုလ်လောင်းတပ်ခွဲများ၏  အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

 


ဂုဏ်ပြုအမှာစကားပြောကြား


စစ်ရေးပြအခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီး   မဟာသရေစည်သူ မင်းအောင်လှိုင် သည် စစ်တက္ကသိုလ်ကျောင်းဌာနချုပ်၊ ဧည့်ခန်းမ၌   ထူးချွန်ဆုရရှိကြသည့်   ဗိုလ်လောင်း ငါးဦးကို  တွေ့ဆုံ၍  ဂုဏ်ပြုအမှာစကားပြောကြားသည်။

 


ဂုဏ်ပြုအမှာစကားပြောကြားရာတွင် သင်တန်း တက်ရောက်ရသည့် လေးနှစ်တာကာလတစ်လျှောက် လုံး စာပေပညာ၊ စစ်ပညာတို့တွင် ကြိုးစားအားထုတ်ခဲ့ မှု၊   စည်းကမ်းကောင်းမွန်မှုတို့ကြောင့်   ယခုကဲ့သို့ ထူးချွန်ဆုများ   ရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ မိမိဘဝ တိုးတက်မှုရှိစေရေး   ကြိုးစားအားထုတ်နိုင်မှု၊  မိမိ ကိုယ်ကို   ထိန်းသိမ်းနိုင်မှု၊    စည်းကမ်းကောင်းမွန်မှု စသည့်      အခြေခံ      အလေ့အကျင့်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး     ဘဝတစ်လျှောက်လုံး စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊     ကြိုးစားအားထုတ်မှုကို ဆက်လက်ထိန်းသိမ်းနိုင်မှုမရှိပါက ပန်းတိုင်မရောက် မီ လမ်းခုလတ်၌ ဆုံးရှုံးမှုများကိုဖြစ်ပေါ်စေနိုင်သည့် အတွက် မိမိတို့တစ်ဦးတစ်ယောက်ချင်း၏ မျှော်မှန်း ချက်များ  မဆုံးရှုံးစေရန်၊  တိုင်းပြည်နှင့်  တပ်မတော် အတွက်   ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်    မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်၍ ဆက်လက်ကြိုးစားအားထုတ် သွားကြရမည်ဖြစ်ကြောင်း။

 


ခေါင်းဆောင်မှုကောင်းမှသာလျှင်  နိုင်ငံတစ်ခု၊ တပ်မတော်တစ်ခုကို       ဦးဆောင်နိုင်မည်ဖြစ်ပြီး နောက်လိုက်ကောင်းများနှင့်အတူ       ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် သင်ကြား ပေးလိုက်သည့်   ရလဒ်ကောင်းများကို    ဘဝ တစ်လျှောက်လုံး ဆက်လက်ထိန်းသိမ်းသွားကြရန် လိုကြောင်း၊  ပြန်တမ်းဝင်အရာရှိခန့်အပ်ပွဲပြီးပါက Under-Training ကာလပြီးဆုံးပြီဖြစ်ပြီး မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်မှု Self-Control ဖြင့်သာ ဘဝကို လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊    မိမိကိုယ်ကို စောင့်ထိန်းနိုင်မှုသည်  အရေးကြီးပြီး  စောင့်ထိန်းနိုင် မှုမရှိခြင်းကြောင့် ဆုံးရှုံးမှုကြီးမားခဲ့မှုများ များစွာ ရှိကြောင်း။

 


ထူးချွန်ဆုရ ဗိုလ်လောင်းများ၏ မိဘများသည် တောင်သူလယ်သမားများ၊ သာမန် အခြေခံမိသားစု များပင်ဖြစ်သည်ကို တွေ့ရှိရပြီး ယခုကဲ့သို့  ထူးချွန် ထက်မြက်သူများဖြစ်လာစေရေး ငယ်စဉ်ကတည်း ကပင် ကျွေးမွေးပြုစုပျိုးထောင်ပေးခဲ့သည့် မိဘများ ၏ ကျေးဇူးကို သိတတ်ရန်နှင့် ကျေးဇူးဆပ်ရန်လိုအပ် မည်ဖြစ်ကြောင်း၊  ထို့အတူ   ဗိုလ်လောင်း   သင်တန်း လေးနှစ်တာ    ကာလအတွင်း     တပ်မတော်၏ ခေါင်းဆောင်ငယ်များ   ဖြစ်လာစေရေး   လေ့ကျင့် မွေးထုတ်ပေးခဲ့သည့်      တပ်မတော်နှင့်    အမိ စစ်တက္ကသိုလ်၏    ကျေးဇူးကိုလည်း    မမေ့ရန်လို ကြောင်း၊ မိဘများ၏စကားကို  နားထောင်ခြင်း၊ မိဘကို စိတ်ချမ်းသာအောင်ထားရှိခြင်း၊ မိမိတတ်နိုင် သရွေ့  ကျွေးမွေးစောင့်ရှောက်ခြင်းတို့သည်   မိဘ ကျေးဇူးကို   ဆပ်ခြင်းပင်ဖြစ်သကဲ့သို့   မိမိကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း၊ စစ်သားကောင်း တစ်ယောက် ပီသစွာ နေထိုင်ကျင့်ကြံခြင်းအားဖြင့်လည်း နိုင်ငံ တော်နှင့် တပ်မတော်၏ကျေးဇူးကို  ဆပ်ရာရောက် မည်ဖြစ်ကြောင်း၊ ထို့ပြင် ရတနာသုံးပါးလည်း မမေ့ ရန်နှင့်  စောင့်ထိန်းအပ်သည်များကို  စောင့်ထိန်း လိုက်နာရန်လည်း လိုအပ်မည်ဖြစ်ကြောင်း။ 

 


ရှေ့ဆက်လျှောက်လှမ်းရမည့် ဘဝတစ်လျှောက် လုံးတွင်  မိမိကိုယ်ကို  အလိုမလိုက်ရန်နှင့်   မိမိ လက်အောက်ကိုလည်း အလိုမလိုက်ရန်လိုကြောင်း၊ ခေါင်းဆောင်ကောင်း     တစ်ယောက်ပီသစွာဖြင့် စံနမူနာပြဖြစ်အောင်နေထိုင်ပြုမူပြီး မိမိလက်အောက် ကို   ထိန်းသိမ်းစောင့်ရှောက်ကာ   လိုအပ်သည်များ ထိန်းကျောင်းပေးရမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။  


သတင်းစဉ်