စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ

 

နေပြည်တော်  အောက်တိုဘာ ၃
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှု ကြောင့် မုန်တိုင်းဒဏ်သင့်ဒေသခံပြည်သူ များနှင့်   ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး   အဆင်ပြေစေရန်နှင့်   စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင် ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက    နေ့စဉ်ရောင်းချပေး လျက်ရှိသည်။
ယနေ့တွင်လည်း စစ်တွေမြို့ ဦးဥတ္တမ ပန်းခြံ၌   အခြေခံစားသောက်ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊  ဘဲဥ၊   နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊   ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို    လည်းကောင်း၊ တပ်မတော်စက်ရုံများနှင့် မြန်မာစီးပွား ရေးကော်ပိုရေးရှင်းတို့မှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွတ် ဘူးများဖြစ်သည့်  အမဲသားဘူး၊   မျှစ် စားတော်ပဲဘူး၊ ကြက်သား  အာလူးဘူး၊ ငါးတန်အချိုပေါင်းဘူး၊ ငါးသလောက်ဘူး၊ ငါးပိကြော်ဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်း ဘူး၊   သရက်သီးသနပ်ဘူး    စသည့် စားသောက်ကုန်များကို  လည်းကောင်း၊ မြန်မာ့စီးပွားရေး     ဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက် အရောင်း ဆိုင်များ၏ စားသောက်ကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့်   အိမ်ဆောက် ပစ္စည်းများကို  လည်းကောင်း   ပြင်ပ ပေါက်ဈေးထက် သက်သာသောဈေးနှုန်း များဖြင့်  ဆက်လက်   ရောင်းချပေးရာ ဒေသခံပြည်သူများနှင့်    ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက  ဝမ်းသာအားရ ဝယ်ယူအားပေးကြကြောင်းနှင့်   ယခု ကဲ့သို့  စားရေးအခက်အခဲဖြစ်ပေါ်နေချိန် တွင်   သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိကြောင်း သတင်း ရရှိသည်။
သတင်းစဉ်