စစ်တွေမြို့နယ်အတွင်းရှိ IDPs စခန်းများနှင့် ကျေးရွာများမှ ရေလုပ်သားများအား ကိုဗစ် ရောဂါပိုးရှိ မရှိ အခမဲ့စစ်ဆေးပေး

 

စစ်တွေ  စက်တင်ဘာ ၂၄


ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အတွင်းရှိ    နေရပ်စွန့်ခွာစခန်း (IDPs) များတွင် ခိုလှုံနေကြသည့် ပြည်သူများ၊     ကျေးရွာများတွင် နေထိုင်ကြသည့်    ပြည်သူများ၊ ငါးဖမ်းစက်လှေပိုင်ရှင်များ၊ ငါးဖမ်း စက်လှေများတွင်   လုပ်ဆောင် နေကြသည့် ရေလုပ်သားများအား ကိုဗစ် ရောဂါပိုးရှိမရှိ  စစ်ဆေး ခြင်းကို ယနေ့နံနက်ပိုင်းက  ဘုမေ ကျေးရွာအုပ်စု    ဒါးပိုင်နယ်မြေ ရဲကင်းစခန်း၌    စစ်ဆေးလျက်ရှိ သည်။


အခမဲ့


ထိုသို့ ကိုဗစ်ရောဂါပိုးစစ်ဆေး ခြင်း ဆောင်ရွက်ရာတွင် အထွေ ထွေအုပ်ချုပ်ရေး       ဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ စစ်တွေ တပ်နယ်မှ   တပ်မတော်   ဆေး ဝန်ထမ်းများ၊ စည်ပင်သာယာရေး အဖွဲ့ ဝန်ထမ်းများနှင့် မီးသတ် တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်း အဖွဲ့များက   အခမဲ့စစ်ဆေးပေး ခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ရှိမရှိ RTD Test Kit  ဖြင့် စစ်ဆေး ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းက လူဦးရေ ၁၂၅ ဦးကို စစ်ဆေးရာ ပိုးတွေ့ရှိမှုမရှိကြောင်း သိရသည်။ 


အလားတူ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးခြင်းများကို စစ်တွေ မြို့သို့   အမြန်ရေယာဉ်များဖြင့် ဝင်ရောက်လာသူများအား ရွှေပြည် တန် အမြန်ရေယာဉ်ဆိပ်ကမ်း၌ စစ်ဆေးလျက်ရှိပြီး      စစ်တွေ လေဆိပ်တွင် စစ်တွေမြို့မှ စစ်တွေ-  သံတွဲ-ရန်ကုန်ခရီးစဉ်ဖြင့် လိုက်ပါ မည့်   ခရီးသည်များ၊   စစ်တွေ- ရန်ကုန် ခရီးစဉ်တွင် လိုက်ပါမည့် ခရီးသည်များနှင့် ရန်ကုန်-စစ်တွေ ခရီးစဉ်တွင်  လိုက်ပါလာသော ခရီးသည်များအား ကိုဗစ်ရောဂါပိုး ရှိ မရှိ အခမဲ့စစ်ဆေးပေးလျက်ရှိ ကြောင်း သိရသည်။


ထိုသို့စစ်ဆေးစဉ်    ကိုဗစ် ရောဂါပိုး       တွေ့ရှိသူများအား သက်ဆိုင်ရာဆေးရုံများသို့ပို့ဆောင် ပြီး ဆေးကုသပေးခြင်းနှင့် ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်းတို့ကို  ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်ရေးညွှန်ကြားချက်များ နှင့်အညီ      ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 


တင်ထွန်း
(ပြန်/ဆက်)