စစ်တွေမြို့၌ မြို့လုံးကျွတ်ဆွမ်းတော်ကြီး လောင်းလှူပွဲကျင်းပ

 

စစ်တွေ   နိုဝင်ဘာ ၁၈


စစ်တွေမြို့၌      မြို့လုံးကျွတ် ဆွမ်းတော်ကြီးလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက    စစ်တွေမြို့ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီး၌  ကျင်းပရာ   ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊  အနောက်ပိုင်း တိုင်း    စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်  ထင်လတ်ဦး၊  ပြည်နယ် ဝန်ကြီးများနှင့်  ဌာနဆိုင်ရာများ တက်ရောက်     ဆွမ်းဆန်တော် လောင်းလှူကြသည်။

 


အဆိုပါ    ဆွမ်းဆန်တော် လောင်းလှူပွဲသို့     စစ်တွေမြို့ ကျောင်းတိုက်အသီးသီးမှ    ဆရာ တော်  သံဃာတော်အပါး ၅၅၀ နှင့်  သီလရှင်များသည် အတုလ မာရဇိန်ပြည်လုံးချမ်းသာဘုရား ကြီးမှ   စတင်ကာ       ဝင်္ကပါကွင်း တစ်လျှောက်   ကြွရောက်ကာ ဆွမ်းဆန်တော်များ   အလှူခံကြ သည်။ 


ထိုသို့ ဆရာတော်သံဃာတော် များနှင့် သီလရှင်များကြွရောက် ဆွမ်းဆန်တော်    အလှူခံကြရာ ပြည်နယ်ဝန်ကြီးချုပ်၊  တိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊    ဌာနဆိုင်ရာ များ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်     အလှူရှင်များက ဆွမ်းဆန်တော်များ၊ အချိုရည်နှင့် အလှူဝတ္ထုပစ္စည်းများကို  လှူဒါန်း ကြသည်။

 


စစ်တွေမြို့လုံးကျွတ်ဆွမ်း တော်ကြီးလောင်းလှူပွဲကို ကိုဗစ်-  ၁၉ ရောဂါဖြစ်ပွားမှုများကြောင့် ယမန်နှစ်က  ကျင်းပနိုင်ခြင်းမရှိဘဲ   ယခုနှစ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်မှုနှုန်း  ကျဆင်းလာသည့် အတွက်ကြောင့် ပြန်လည်ကျင်းပ ခြင်းဖြစ်ကြောင်း အတုလမာရဇိန် ပြည်လုံးချမ်းသာ     ဘုရားကြီး  ဂေါပကအဖွဲ့မှ  သိရသည်။

 

ယခုနှစ်တွင်     စစ်တွေမြို့ မြို့လုံးကျွတ်   ဆွမ်းတော်ကြီး လောင်းလှူပွဲကို       ပြည်နယ် အစိုးရအဖွဲ့၏   ပံ့ပိုးကူညီမှုဖြင့် အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး         ဂေါပကအဖွဲ့ကဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 


တင်ထွန်း(ပြန်/ဆက်)