စစ်တွေမြို့၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနား ကျင်းပ

စစ်တွေ   ဒီဇင်ဘာ  ၁၅


(၄၇)နှစ်မြောက်     ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့  ဦးဥတ္တမခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး   ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့်         မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်နှင့်      ဦးမောင်းဟာ၊  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒေါက်တာညွန့်ဖေ၊     ဦးမင်းသိန်းဇံ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်     ဒေါက်တာ အောင်ကျော်မင်း၊    အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်       တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်        ဒေါ်နုမြဇံ၊ဦးစောဘလှိုင်၊      ဒုတိယဝန်ကြီး 
ဦးဇော်အေးမောင်၊    ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ   တက်ရောက်ကြ သည်။ 

ယိမ်းအကဖြင့် ကပြဖျော်ဖြေ


ရှေးဦးစွာ  အခမ်းအနားကို     ရခိုင် တိုင်းရင်းသားရိုးရာ      အကအဖွဲ့က “ဂုဏ်တော်ဖွင့် ဆီမီးခွက်” ယိမ်းအကဖြင့် ကပြဖျော်ဖြေကြသည်။ 
ဆက်လက်၍     နိုင်ငံတော်   စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊   နိုင်ငံတော် ဝန်ကြီးချုပ်         ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ    (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့        အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို    နိုင်ငံတော် စီမံအုပ်ချုပ်ရေး      ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က    ဖတ်ကြားပြီး   ရခိုင် ပြည်နယ်ဝန်ကြီးချုပ်         ဒေါက်တာ အောင်ကျော်မင်းက   ရခိုင်ပြည်နယ်နေ့ မိန့်ခွန်းပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊      ပြည်ထောင်စု ဝန်ကြီးများ၊      ပြည်နယ်ဝန်ကြီးချုပ်၊  
တိုင်းမှူးနှင့်တာဝန်ရှိသူများက     ရခိုင် ပြည်နယ်အစိုးရအဖွဲ့၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့နှင့် ပူးပေါင်းပြီး ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသော    နိုင်ငံ့ ဝန်ထမ်းများ၊            မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့်     ရပ်ကွက်ကျေးရွာ       အုပ်ချုပ်ရေးမှူး များအား    ဂုဏ်ထူးဆောင်လက်မှတ်၊     ဂုဏ်ထူးဆောင်ဆုပစ္စည်းများ၊    မှတ်တမ်း တင် ဂုဏ်ပြုလွှာများကို      လည်းကောင်း၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်   စာစီ စာကုံးပြိုင်ပွဲနှင့်   ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူ များအား     ဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။ 


DVB –T2 Set Top Box များပေးအပ်


ယင်းနောက်    ပြန်ကြားရေးဝန်ကြီး ဌာန         ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက   ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်  ကျေးရွာများအတွက် DVB –T2 Set Top Box အလုံး  ၁၅၀၀ ကို  ပေးအပ်ရာ   ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက လက်ခံ ရယူသည်။ 


ဆက်လက်၍ တိုင်းရင်းသားရိုးရာ အကအဖွဲ့များဖြစ်ကြသော        မြို တိုင်းရင်းသား၊     ခမီတိုင်းရင်းသား၊ ဒိုင်းနက်တိုင်းရင်းသား၊ သက်တိုင်းရင်းသား တို့က   ရိုးရာအကများဖြင့် ကပြဖျော်ဖြေ ကြပြီး  ရခိုင်တိုင်းရင်းသားရိုးရာအကအဖွဲ့က  “ရိုးတောင်ရိပ်က သာချင်းသံ”  ယိမ်းအကဖြင့်    ကပြဖျော်ဖြေကြကာ    အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 


ရခိုင်ပြည်နယ်နေ့   အခမ်းအနားကို ၁၉၇၅ ခုနှစ်မှစတင်၍   ကျင်းပလာခဲ့ ခြင်းဖြစ်ပြီး      ယနေ့ဆိုလျှင်    (၄၇)နှစ်မြောက်  တိုင်ခဲ့ပြီဖြစ်ကြောင်း  သိရ  သည်။                              

 သတင်းစဉ်