
နေပြည်တော် ဇူလိုင် ၂၈
ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ သွားလာမှုကန့်သတ် ချက်များကြောင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ဒေသခံပြည်သူ များ စားရေးအဆင်ပြေစေရေး အတွက် စေတနာရှင်အလှူရှင် များ၊ သက်ဆိုင်ရာ တိုင်းစစ်ဌာန ချုပ်များက စားသောက်ဖွယ်ရာ များ ထောက်ပံ့ပေးအပ်လျက် ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့ တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ရှိ တာပုံစစ်မှုထမ်း ဟောင်းအိမ်ရာနှင့် ခေးနင်းအဆင့် မြင့် စစ်မှုထမ်းဟောင်းအိမ်ရာတို့ ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် နိုင်ငံတော်နှင့် တပ်မတော် အတွက် အသက်ပေးခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစု ဝင်များကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများက အဆိုပါအိမ်ရာများ၌ သွားရောက် တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ၊ ဆန်၊ ဆီနှင့် စားသောက် ဖွယ်ရာများကို ထောက်ပံ့ပေးအပ် သည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့ ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်နေ ပြည်သူ အိမ်ထောင်စု ၂၀၀ အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ဆန်နှင့် စားသောက်ဖွယ်ရာများ ကို ပြည်သူများ၏ လက်ဝယ် အရောက် ပေးဝေလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်