စစ်မှုထမ်းဆောင်ရန် ကျောက်ဖြူမြို့နယ်ရှိ မွတ်စလင်တစ်ရာကျော်ကို တပ်မတော်က ဖမ်းဆီးထားကြောင်းနှင့် နေပြည်တော်၊ မန္တလေးတိုင်းတို့တွင် ပြည်သူများစစ်မှုထမ်းကြရန် စည်းရုံးစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း စသည့် သတင်းတု၊ သတင်းမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေ

 

နေပြည်တော်   မတ်  ၂
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားအရွယ် မွတ်စလင် ၁၀၇ ဦးကို ကျောက်ဖြူ အခြေစိုက် ခလရ (၅၄၂) က ဖေဖော် ဝါရီ  ၂၉ ရက်  မွန်းလွဲပိုင်းတွင် ဆန္ဒမပါဘဲ   အဓမ္မဖမ်းဆီးသွား သည်ဟု မဟုတ်မမှန် သတင်းမှား များကို   လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရ သည်။ 
အထက်ပါသတင်းနှင့် ပတ် သက်၍ ကျောက်ဖြူမြို့ရှိ သက်ဆိုင် ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ  မည်သူ့ကိုမျှ အဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်း၊ စစ်သားစုဆောင်း  ခြင်းများမရှိကြောင်းနှင့် အဆိုပါ သတင်းမှာ    သတင်းအမှားသာ ဖြစ်ကြောင်းသိရှိရသည်။
အလားတူ နေပြည်တော်နှင့် မန္တလေးတိုင်းတို့တွင်   လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူများ စစ်မှု ထမ်းကြရန်  စည်းရုံးလှုံ့ဆော်နေ ကြပြီး သန်းခေါင်စာရင်း စစ်ဆေးမှု များကိုလည်း   အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြသည်ဟု ကောလာ ဟလသတင်းများကို  အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာ Khit Thit မှ လူမှုကွန်ရက်ပေါ်တွင် ဖြန့် ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်း        ဥပဒေကို ပြည်သူလူထုမှ    သဘောပေါက် နားလည်စေရန် သက်ဆိုင်ရာဌာန များမှ အသိပညာပေး ဆောင်ရွက် နေမှုများအပေါ်     အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာများက ပြည်သူလူထု အထင်အမြင်လွဲမှား အောင် မဟုတ်မမှန်သတင်းများကို အချိန်ကိုက်  ဝါဒဖြန့်ဆောင်ရွက် နေခြင်းသာ    ဖြစ်ကြောင်းနှင့် ကောလာဟလ    သတင်းများကို ပြည်သူများ   စိုးရိမ်ထိတ်လန့်မှု မရှိစေရန်နှင့် သိရှိနားလည်စေရန် အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးဗဟိုအဖွဲ့သို့ ဆက်သွယ်စုံစမ်း  မေးမြန်းနိုင်ရန် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို နိုင်ငံပိုင်မီဒီယာ များမှတစ်ဆင့် ထုတ်ပြန်ကြေညာ ထားရှိကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်