စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ပန်းခင်းစီမံချက် လျာထားချက်ရာနှုန်းပြည့် ပြီးမြောက်အောင်မြင်ပွဲ တက်ရောက်

 

 

မုံရွာ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးမြတ်ကျော် နှင့်အဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၇ ရက်နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့ သာသနာပြုဇောတိက  မြို့မကျောင်း တိုက်၌  ဆရာတော်ကြီးထံ   လှူဖွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ 
ယင်းနောက်   တိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ အောက်ဆီဂျင်စက်ရုံ       တည်ဆောက်ပြီးစီးမှု၊ ထုတ်လုပ်နေမှုနှင့်   ၂၀၂၀-၂၀၂၁   ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေမှ ပံ့ပိုးမှုဖြင့်  ရှမ်းစာပေနှင့်  ယဉ်ကျေးမှုအသင်းတွင် တည်ဆောက်လျက်ရှိသော    အလျား  ပေ ၆၀ ၊  အနံ  ပေ  ၃၀ ၊  ထမင်းစားဆောင်အဆောက်အအုံတည်ဆောက်နေမှု၊  နာဂစာပေနှင့်  ယဉ်ကျေးမှု အသင်း ရိုးရာကွင်းအုတ်တံတိုင်း ကာရံနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးသည်။ 
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဟုမ္မလင်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသော  ပန်းခင်း စီမံချက်လျာထားချက်  ရာနှုန်းပြည့်   ပြီးမြောက် အောင်မြင်ပွဲ အခမ်းအနားတွင် အမှာစကားပြောကြား ပြီး စီမံချက်လျာထားချက် ရာနှုန်းပြည့်   ပြီးမြောက် အောင်   ဆောင်ရွက်ခဲ့ကြသော ဟုမ္မလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ဦးစီးမှူးထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့်    နာဂ တိုင်းရင်းသားများထံ နိုင်ငံသားစိစစ်ရေးကတ်ပြား များ  ပေးအပ်သည်။ 
ထို့နောက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက  ရှမ်းတိုင်းရင်းသားများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ဗမာ တိုင်းရင်းသားများထံ နိုင်ငံသားစိစစ်ရေးကတ်ပြား များကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က    ချင်းတိုင်းရင်းသား များထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို လည်း ကောင်း၊ လူမှုရေးဝန်ကြီး  ဦးအေးလှိုင်က  ဒေသခံ ပြည်သူများထံ နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုလည်းကောင်း ပေးအပ်ကြသည်။
ဆက်လက်၍   တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ မြို့တော်ခန်းမ အတွင်း    ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး ထိုးနှံပေးနေမှုကို ကြည့်ရှုအားပေး ပြီး     လိုအပ်သည်များကို   တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ထို့နောက်       တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများသည်   တမူးမြို့  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး  အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊   မြို့မိ မြို့ဖများနှင့် တွေ့ဆုံပွဲ  သို့ တက်ရောက်ကြသည်။
ဆက်လက်ပြီး  တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တမူးမြို့ ပြည်သူ့ဝန်ဆောင်မှု ရုံးတွင် ကျင်းပသော နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ   အခမ်းအနားသို့   တက်ရောက်ရာ  တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများထံ  နိုင်ငံသားစိစစ်ရေးကတ်ပြား များ     ပေးအပ်ကြသည်။
   တိုင်းဒေသကြီး(ပြန်/ဆက်)