စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် စစ်ကိုင်းတောင်ရိုးရှိ သံဃာတော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

 

မုံရွာ  အောက်တိုဘာ  ၂၂


စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း မြို့ စစ်ကိုင်းတောင်ရိုးရှိ သံဃာ တော်များနှင့် သီလရှင်များအတွက် ဆွမ်းဆန်တော်များနှင့် မင်းကွန်း တောင်ရိုးရှိ     ဘုန်းတော်ကြီး ကျောင်းများနှင့်   စေတီများသို့ သွားလာမှု  လွယ်ကူချောမွေ့စေ ရေးအတွက် ဘိလပ်မြေအိတ်များ ဆက်ကပ်လှူဒါန်းခြင်း    အခမ်း အနားကို  အောက်တိုဘာ   ၂၀  ရက်    နံနက်ပိုင်းတွင်   စစ်ကိုင်း မြို့  သီတဂူဝိပဿနာအကယ်ဒမီ အတွင်းရှိ သီတဂူသံဝေဇနီယ ဓမ္မ ဗိမာန်တော်ကြီးတွင်     ကျင်းပသည်။

 


အခမ်းအနားသို့ သီတဂူကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်  သာသနာပိုင်၊   အဘိဓဇ မဟာရဋ္ဌဂုရု  အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ     ဆရာတော် ဒေါက်တာ   အရှင်ဉာဏိဿရ၊ မင်းကွန်းတောင်ရိုး၊   မင်းကွန်း လေးဌာန   သြဝါဒါစရိယ   ဆရာ တော်ကြီးများ ကြွရောက်တော်မူ ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရထံမှ တိုင်းဒေသကြီး  ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက    ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

 


ယင်းနောက်   သီတဂူဆရာ တော်ကြီးထံ စစ်ကိုင်းတောင်ရိုးရှိ သံဃာတော်များနှင့် သီလရှင်များ အတွက်   ဆွမ်းဆန်တော်အိတ် ၁၀၀၀   နှင့်   မင်းဝံတောင်ရိုးရှိ သံဃာတော်များနှင့် သီလရှင်များ အတွက်  ဆွမ်းဆန်တော်  အိတ် ၂၅၀ တို့ကို တိုင်းဒေသကြီးဝန်ကြီး ချုပ်နှင့်  တာဝန်ရှိသူများက ဆက် ကပ်လှူဒါန်းကြပြီး    မင်းကွန်း လေးဌာန  သြဝါဒါစရိယ  ဆရာ တော်ကြီးထံ    တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင် သန်းဝင်းနှင့် လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်တို့က     မင်းကွန်း တောင်ရိုးရှိ သံဃာတော်များနှင့် သီလရှင်များအတွက်   ဆွမ်းဆန် တော် အိတ် ၂၅၀ ကို   ဆက်ကပ် လှူဒါန်းကြသည်။

 


ထို့နောက် မင်းကွန်းလေးဌာန သြဝါဒါစရိယ   ဆရာတော်ကြီး ထံ  တိုင်းဒေသကြီး    လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်နှင့်    တိုင်းဒေသ ကြီးအစိုးရအဖွဲ့  အတွင်းရေးမှူး ဦးခင်မောင်ဆန်းတို့က မင်းကွန်း တောင်ရိုးရှိ    ဘုန်းတော်ကြီး ကျောင်းများနှင့်   စေတီများသို့ သွားလာမှု  လွယ်ကူချောမွေ့စေ ရေးအတွက် ဘိလပ်မြေ ၁၃၉၄၂ အိတ်အား ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးများထံ တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူ များက      လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 


ဆက်လက်၍   သီတဂူဆရာ တော် ဒေါက်တာ အရှင်ဉာဏိဿရ ထံမှ  အနုမောဒနာ   တရားနာယူ ကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့ အတွက်     ရေစက်သွန်းချအမျှ ပေးဝေကြသည်။

 


ယင်းနောက်   သီတဂူဆရာ တော်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်  တာဝန်ရှိသူများသည် ဆွမ်းဦးပုညရှင် စေတီတော်မြတ် ကြီး အနောက်ဘက် ရင်ပြင်တော် ပေါ်တွင် တည်ဆောက်နေသည့် အလျား  ၁၀၈ ပေ၊ အနံ  ၅၄ ပေ၊ အမြင့်  ၁၈ ပေ ပုညရှင်သာသနာ့ ဗိမာန်တော်ကြီး   တည်ဆောက် ရေးလုပ်ငန်းခွင်သို့     ရောက်ရှိရာ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   တည်ဆောက် ရေး  တာဝန်ခံအင်ဂျင်နီယာတို့ က တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်    ဘေးဒဏ် အမျိုးမျိုးတို့၏     ဒဏ်ခံနိုင်ကာ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျ    ကြပ်မတ်စစ်ဆေး တည်ဆောက်နေမှု  အခြေအနေ၊ သုံးစွဲကုန်ကျမှုနှင့် အလှူငွေရရှိမှု အခြေအနေများကို    ရှင်းလင်း လျှောက်ထားသည်။ 

 


ထို့နောက် ဆရာတော်ကြီး နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် တို့က     ပုညရှင်သာသနာ့ဗိမာန် တော်ကြီး     တည်ဆောက်နေမှု အား   လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ပြီး     တည်ဆောက်ရေးလုပ်ငန်း များနှင့် ပတ်သက်၍ လိုအပ်သည် များကို      တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။ 


သတင်းစဉ်