စစ်ကိုင်းတိုင်းဒေသကြီး၌ ၂ဝ၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း ၆၈/၅ ဒသမ ၃၃ မိုင်နှင့် တံတား ၃၁ စင်း ဆောင်ရွက်လျက်ရှိ

 

မုံရွာ နိုဝင်ဘာ ၁၉


စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန     ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏   ၂ဝ၂၂ - ၂၀၂၃   ဘဏ္ဍာနှစ်    ပထမ ခြောက်လပတ်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ဦးဉာဏ်မြင့်ကျော် က အမှာစကားပြောကြားသည်။

 


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးသန်းဝင်းခိုင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ပထမ ခြောက်လပတ် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေ အနေများနှင့်  ဆက်လက်ဆောင်ရွက်မည့်   လုပ်ငန်း စဉ်များကို    ရှင်းလင်းတင်ပြပြီး    ခရိုင်/   မြို့နယ် တာဝန်ခံများက မိမိခရိုင်/ မြို့နယ်အသီးသီးတွင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ သည်။

 


ထို့နောက်   တိုင်းဒေသကြီးကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့်  ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာ နှစ်တွင် ပြည်ထောင်စု (မူလ)ခွင့်ပြု ရန်ပုံငွေကျပ် ၂၆၅၁ ဒသမ ၃၈၀ သန်းဖြင့် ကွန်ကရစ်လမ်း၇ ဒသမ ၇၄၃ ကီလိုမီတာ၊ ကတ္တရာလမ်း ၂ ဒသမ ၀၃၄ ကီလို မီတာ၊ ကျောက်လမ်း ၈ ဒသမ ၆၁၀ ကီလိုမီတာ၊ မြေသားလမ်း ၀ ဒသမ ၁၆၇ ကီလိုမီတာ စုစုပေါင်း ၁၈ ဒသမ ၅၅၄   ကီလိုမီတာနှင့်   တံတား ၁ဝ စင်း၊ တိုင်းဒေသကြီး (မူလ) ခွင့်ပြုရန်ပုံငွေကျပ် ၉၀၇၅ ဒသမ  ၅၀၂ သန်းဖြင့် ကွန်ကရစ်လမ်း ၂၂ ဒသမ  ၈၉၆ ကီလိုမီတာ၊ ဂျင်းလမ်း ၁၇ ဒသမ ၁၅ဝ  ကီလို မီတာ၊ မြေသားလမ်း ၄၀ ဒသမ ၆၂၂  ကီလိုမီတာ ပေါင်း ၁၁၀ ဒသမ ၅၀၅  ကီလိုမီတာနှင့်  တံတား ၃၁   စင်းတို့ကို  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။          

                 
ယွန်း(မုံရွာ၊ကိုယ်ပွား)