စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းနှင့် စီးထွက်မှုအခြေအနေ

 

စစ်ကိုင်း  စက်တင်ဘာ  ၁၂


စစ်ကိုင်းတိုင်းဒေသကြီး၏   ဆန်ပိုဒေသများဖြစ်သော  ကလေး၊ ကသာ၊  ကန့်ဘလူ၊  ရွှေဘိုနှင့်  ရေဦးခရိုင်များအနက်   ရွှေဘိုခရိုင်နှင့် ရေဦးခရိုင်တို့တွင် ဧရာမင်းစပါး လက်ကျန်မရှိသလောက် နည်းပါးနေ ကြောင်း၊ ကန့်ဘလူခရိုင်၌ စပါးဈေးနှုန်း အနည်းငယ်ကျဆင်းပြီး ကလေး ခရိုင်တွင် စပါးဈေးနှုန်း အနည်းငယ်မြင့်တက်နေကာ ကျန်ခရိုင်များတွင် စပါးဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်တင်ဘာလ  ပထမပတ်တွင် ဖြစ်ပေါ်နေသော စပါး၊ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်  ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ငွေကျပ် ၃၇၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀ ၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ  တစ်အိတ်လျှင်  ငွေကျပ် ၁၃၈၀၀၀ ၊ နွေစပါး (ရွှေဝါထွန်း) စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၁၉၀၀၀၀၀၊  နွေစပါး (ရွှေဝါ ထွန်း)(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၈၀၀၀၀ ဖြင့်  အရောင်းအဝယ် ဖြစ်နေကြောင်း၊ ရေဦးခရိုင်  ရေဦးမြို့နယ်မှ  ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ငွေကျပ် ၃၇၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)   တစ်အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀၊  ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၈၀၀၀၊   နွေစပါး(ရွှေဝါထွန်း)   စပါးတင်း ၁၀၀ လျှင်  ငွေကျပ် ၁၉၀၀၀၀၀၊ နွေစပါး(ရွှေဝါထွန်း)(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။


ကလေးခရိုင် ကလေးမြို့နယ်မှ ဧည့်မထ (စပါး) တင်း ၁၀၀ လျှင် ငွေကျပ် ၃၂၀၀၀၀၀၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၂၀၀၀၀၊ ငစိန် (စပါး) တင်း ၁၀၀ လျှင် ငွေကျပ် ၃၁၀၀၀၀၀၊ ငစိန် (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၁၀၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ငွေကျပ် ၃၅၀၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀၊ နွေစပါး(ဒေသမျိုး)(စပါး)တင်း ၁၀၀ လျှင် ငွေကျပ် ၁၁၅၀၀၀၀၊ နွေစပါး(ဒေသမျိုး)(ဆန်) ၂၄ ပြည်ပါ တစ်အိတ် လျှင် ငွေကျပ် ၈၇၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊  ကသာ ခရိုင် အင်းတော်မြို့နယ်မှ မှော်ဘီ - ၂ (စပါး) တင်း ၁၀၀ လျှင် ငွေကျပ် ၁၉၅၀၀၀၀၊ မှော်ဘီ-၂ (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၈၁၀၀၀၊ ဆင်း ဧကရီ-၃ (စပါး) တင်း ၁၀၀ လျှင် ငွေကျပ် ၂၁၀၀၀၀၀၊ ဆင်းဧကရီ-၃ (ဆန်) ၂၄ ပြည် တစ်အိတ်လျှင်  ငွေကျပ် ၈၅၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ငွေကျပ်  ၂၄၀၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်  ၁၁၀၀၀၀၊ နွေစပါး (ဆင်း-၃)(စပါး)တင်း ၁၀၀ လျှင် ငွေကျပ် ၁၃၀၀၀၀၀၊ နွေစပါး (ဆင်း-၃) (ဆန်) ၂၄ ပြည်ပါ  တစ်အိတ်လျှင် ငွေကျပ်  ၆၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရသည်။


မုံရွာခရိုင်  မုံရွာမြို့တွင်  ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ငွေကျပ် ၃၃၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်  ၁၄၅၀၀၀၊ ပေါ်ဆန်း(စပါး)တင်း ၁၀၀ လျှင် ငွေကျပ်  ၃၇၀၀၀၀၀၊  ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်  ၁၅၀၀၀၀၊ မနောသုခ(စပါး) တင်း ၁၀၀လျှင် ငွေကျပ် ၂၆၀၀၀၀၀၊  မနောသုခ(ဆန်)၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၉၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ကန့်ဘလူခရိုင်  ကန့်ဘလူမြို့တွင် ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ငွေကျပ်  ၃၀၀၀၀၀၀၊  ဧရာမင်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ်  ၁၃၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀ လျှင် ငွေကျပ်  ၃၅၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ငွေကျပ် ၁၂၄၀၀၀၊ နွေစပါး (ရွှေဝါထွန်း) (စပါး)တင်း ၁၀၀ လျှင် ငွေကျပ်  ၁၈၀၀၀၀၀၊  ရွှေဝါထွန်း (ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ငွေကျပ်  ၈၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။ 


စစ်ကိုင်းတိုင်းဒေသကြီးမှ  အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ဆန်စီးထွက်မှုမှာ ဩဂုတ်လ (နောက်ဆုံးပတ်) တွင် ရန်ကုန်သို့ အိတ်ရေ ၁၅၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၉၁၀၀၊  မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့  အိတ်ရေ ၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ ကချင်သို့အိတ်ရေ ၅၀၀  စုစုပေါင်း အိတ်ရေ  ၅၉၂၀၀ ၊   တန်အားဖြင့်  ၂၉၆၀     စီးထွက်ခဲ့ပြီး စက်တင်ဘာလ (ပထမပတ်) တွင်  ရန်ကုန်သို့ အိတ်ရေ ၁၁၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၃,၇၀၀၊ မကွေးသို့ အိတ်ရေ ၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၃၅၀၀၊ ရှမ်း(မြောက်)သို့  အိတ်ရေ ၃၅၀၀၊ ကချင်သို့ အိတ်ရေ ၂၀၀ စုစုပေါင်းအိတ်ရေ ၄၇၅၀၀၊ တန်အားဖြင့် ၂၃၇၅ တန် စီးထွက်ခဲ့ကြောင်း သိရသည်။                      

DOCA (စစ်ကိုင်း)