စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုငွေဖြင့် သင်တန်းများ ဖွင့်လှစ်ပေးမည်

 

မုံရွာ  ဇွန်   ၅


စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ကလေးအလုပ်သမားများ     ပပျောက်ရေးအတွက် အသက်မွေးဝမ်းကျောင်း      အထောက်အကူပြု သင်တန်းများ   ဖွင့်လှစ်နိုင်ရေး   ရည်ရွယ်လျက်  တိုင်းဒေသကြီးအစိုးရအဖွဲ့      ခွင့်ပြုရန်ပုံ‌‌ငွေဖြင့် သင်တန်းများ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း  သိရသည်။

 


စစ်ကိုင်းတိုင်းဒေသကြီး     အလုပ်အကိုင်အခွင့် အလမ်းများ      ဖန်တီးပေးရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ဇွန် ၃ ရက်က မုံရွာမြို့   တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး    DICA အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ အစည်းအဝေးတွင် တိုင်းဒေသကြီး      အလုပ်အကိုင်အခွင့်အလမ်းများ         ဖန်တီးပေးရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌတိုင်းဒေသကြီး       သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက   တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်     ယခင်    ၂၀၂၁-၂၀၂၂    ဘဏ္ဍာနှစ် မီနီဘတ်ဂျက်တွင်       အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက်  ဌာနများနှင့် ပေါင်းစပ် ပြီး   သင်တန်းလေးခုကို  အောင်မြင်စွာ ဖွင့်လှစ်ပေး နိုင်ခဲ့ကြောင်း၊ ယခု ဘဏ္ဍာနှစ်တွင်လည်း   အလုပ် အကိုင်           အခွင့်အလမ်းများရရှိရေးအတွက်  အသက်မွေးဝမ်းကျောင်း          အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပေးနိုင်ရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း၊         အဆိုပါ သင်တန်းများ   ဖွင့်လှစ်နိုင်ရေးအတွက်   တက်ရောက်လာသည့်  ဌာနဆိုင်ရာများက    ဝိုင်းဝန်းဆွေးနွေးပေးစေလို ကြောင်း ဆွေးနွေးသည်။

 


ထို့နောက်     တက်ရောက်လာသည့်    တိုင်း ဒေသကြီး    အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးရေးလုပ်ငန်းကော်မတီဝင်များက ယခုဘဏ္ဍာနှစ် တွင်    တိုင်းဒေသကြီး   အစိုးရအဖွဲ့၏     ကူညီ ထောက်ပံ့မှုဖြင့်        တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်နည်းသင်တန်း၊   မုန့်ဖုတ်နည်းသင်တန်း၊ လူသုံးကုန်   အလှကုန်ထုတ်လုပ်မှုသင်တန်း၊   ဝါး အခြေခံလက်မှုသင်တန်း၊ မော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်း၊  စက်ချုပ်သင်တန်း၊ တစ်လုံး ထိုး အင်ဂျင်ပြုပြင်နည်းသင်တန်း စသည့် သင်တန်း ခုနစ်မျိုးအပြင်    သံချည်သံကွေးသင်တန်း၊     ပန်းရန်၊ သင်တန်း၊ လက်သမားသင်တန်းများကို ဖွင့်လှစ်နိုင် ရေး ဆွေးနွေးခဲ့ကြသည်။ 

 


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ    ဖန်တီးပေးရေး အတွက် သင်တန်းများဖွင့်လှစ်နိုင်ရန်  လိုအပ်မည့် ဘဏ္ဍာငွေနှင့် အုပ်ချုပ်မှုဆိုင်ရာလုပ်ငန်းများ စီစဉ် လျာထားပြီးဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ ဒေသတွင်း နေပြည်သူများ၏   လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် စေရေးအတွက်    သင်တန်းများကို     ထိရောက် အောင်မြင်စွာ ဖွင့်လှစ်ပို့ချပေးသွားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်သွင်ထံမှ သိရသည်။ 

ခရိုင် (ပြန်/ဆက်)