
စစ်ကိုင်း မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် များ ဆက်ကပ်အပ်နှင်းခြင်း မဟာမင်္ဂလာအခမ်းအနားကို မတ် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် စစ်ကိုင်းမြို့ မဟာစည်းခုံကြီးစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ ၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့ ပံသုကူကျောင်းတိုက် ပဓာနနာယက စစ်ကိုင်းတိုင်း ဒေသကြီး သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ သုစိတ္တထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မုံရွာမြို့ ရန်ကင်းကျောင်းတိုက် မဟာဂန္ထ ဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တတေဇနိယမှ သမ္မောနီယသြဝါဒကထာ မြွက် ကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာ များ လျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်မြင့်မြင့် အောင်တို့က တာဝန်ရှိသူများနှင့် အတူ ဘွဲ့တံဆိပ်တော်ရ ဆရာ တော်ကြီးများနှင့် သီလရှင် ဆရာ ကြီးများအား ဘွဲ့တံဆိပ်တော် နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး စစ်ကိုင်းမြို့ ရတနာဓူဝံကျောင်း တိုက် ပဓာနနာယက၊ စစ်ကိုင်းတိုင်း ဒေသကြီး သံဃနာယကအဖွဲ့ (ရွှေကျင်) ဥက္ကဋ္ဌ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇောတိက ဆရာတော်ကြီးထံမှ တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိသတ် များက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ
အမျှပေးဝေခဲ့ကြပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၂၂ ခုနှစ် သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်အပ်နှင်းခြင်း မဟာ မင်္ဂလာ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်များကို ရရှိတော်မူခဲ့ သော အဂ္ဂမဟာပဏ္ဍိတ တစ်ပါး၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ လေးပါး၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ သုံးပါး၊ အဂ္ဂမဟာ ကမ္မဌာနာစရိယတစ်ပါး စုစုပေါင်း ဆရာ တော်ကြီး ကိုးပါးတို့သည် နိုင်ငံတော်အဆင့် အခမ်းအနား ဖြင့် စည်ကားသိုက်မြိုက်စွာ တစ်ပြိုင်နက် လှူဒါန်းအပ်နှင်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မှကျန်ရှိသော သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆရာ တော်ကြီး (၁၂)ပါး၊ သီလရှင် ဆရာကြီး ခုနစ်ပါး၊ ချင်းပြည်နယ်မှ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ကြီးနှစ်ပါး စုစုပေါင်း ၂၁ ပါးတို့ အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)