
မုံရွာ နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပ သော ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် မုံရွာမြို့ ရာပြည့်ကပ်ကျော်စေတီတော် ကြီး၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများ ၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်များ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး မုံရွာမြို့ ဘုရားကြီးရပ်ကွက် သာစံကျောင်းတိုက် သက်တော်ရှည် ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။
ပရိတ်တရားတော်များချီးမြှင့်
ယင်းနောက် ပင့်သံဃာဆရာတော်၊ သံဃာတော် များက ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ရတနသုတ်၊ မေတ္တသုတ် အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။
ဆက်လက်၍ ဆရာတော်ကြီးများထံ တိုင်းဒေသ ကြီး ဝန်ကြီချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့ ရန်ကင်းကျောင်းတိုက် ပဓာန နာယကဆရာတော် ဒွိပိဋကဓရ၊ ဒွိပိဋက ကောဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ” သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး ဗုဒ္ဓါဘိသေက အနေကဇာတင် ခြင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူ
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့က ကြီးမှူးကျင်းပသော ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ လောင်းလှူပွဲ အခမ်းအနားကို ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီးနှင့် အရှေ့ ဘက်ကန်သာယာတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ် ဌာနချုပ် တိုင်းမှူး၏ဇနီး၊ တိုင်းဒေသကြီး တရား သူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ နှင့်ဇနီးများ၊ တပ်မတော် အရာရှိကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များက သံဃာတော်အပါး ၁၀၀၀ နှင့် သီလရှင်ဆရာလေးများ အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
ရင်းရင်းနှီးနှီး နှုတ်ဆက်
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိ သူများက ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များနှင့် လုပ်ငန်းရှင်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ တပျော်တပါး လောင်းလှူနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက် ကြသည်။
အဆိုပါ ဒုတိယအကြိမ် သံဃာတော်အပါး ၁၀၀၀ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားတွင် မုံရွာ ခရိုင်အတွင်းရှိ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ဘုတလင်မြို့နယ်၊ မုံရွာမြို့နယ်တို့မှ ဘုန်းတော်ကြီး ကျောင်းတိုက်ပေါင်း ၂၅၃ ကျောင်းနှင့် သီလရှင် ကျောင်းတိုက် ၄၀ တို့ရှိ ဆရာတော်၊ သံဃာတော်၊ သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)