စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ကလေးခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ တွေ့ဆုံဆွေးနွေး

 

 

ကလေး ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးမြတ်ကျော်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များသည်         ကလေးခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များ၊    ဆရာ ဆရာမများအား တွေ့ဆုံပွဲကို   ယနေ့ မွန်းလွဲပိုင်းက   ဒေသကွပ်ကဲရေး    စစ်ဌာနချုပ် (ကလေး)   အစည်းဝေးခန်းမ၌ ကျင်းပသည်။ 
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး  တိုင်း ဒေသကြီးဝန်ကြီးများက တည်ငြိမ် အေးချမ်းရေး၊        ဒေသဖွံ့ဖြိုး တိုးတက်ရေး၊             လမ်းတံတား တည်ဆောက်ပြုပြင်နေမှု  ဆောင် ရွက်ချက်များ၊    အခြေခံပညာ ကျောင်းများ၏ ပညာသင်ကြားနေ မှုအခြေအနေများ၊ ပြည်သူ့ကျန်းမာ ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ပန်းခင်းစီမံချက်ဖြင့်    နိုင်ငံသား စိစစ်ရေးကတ်နှင့်   အိမ်ထောင်စု လူဦးရေစာရင်း  ဆောင်ရွက်နေမှု များကို    ရှင်းလင်းပြောကြားသည်။
ဆက်လက်၍  ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌ၊ ကလေးခရိုင်   အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းက  ကလေးခရိုင် အတွင်း           ဖွံ့ဖြိုးတိုးတက်ရေး အတွက်      အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည့်   ဒေသ ဆိုင်ရာအခြေနေများကို ရှင်းလင်း တင်ပြပြီး  ခရိုင်၊ မြို့နယ်များမှ တာဝန်ရှိသူများက    ဆက်လက် တင်ပြကြရာ     တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးသည်။ 
ထို့နောက် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ကလေးမြို့နယ် ဦးစီးမှုးရုံးမှ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးခဲ့သည်   နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၀၀ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်က    ချမ်းမြေ့အောင် စည်ရပ်ကွက် အုပ်ချုပ်ရေးမှူးအား လည်းကောင်း၊       လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက နိုင်ငံသားစိစစ်ရေး ကတ်ပြား  ၆၃ ခုကို   မြို့သာ ရပ်ကွက်   အုပ်ချုပ်ရေးမှူးအား လည်းကောင်း၊  တိုင်း‌ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က  နိုင်ငံသားစိစစ်ရေး   ကတ်ပြား ၃၈၇  ခုကို       ကျောင်းတိုက် ကျေးရွာ    အုပ်ချုပ်ရေးမှူးအား လည်းကောင်း ပေးအပ်ခဲ့သည်။ 
ယင်းနောက်   ဝန်ကြီးချုပ် ဦးမြတ်ကျော်က  ကလေးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ကျန်းမာ ရေးဝန်ထမ်းများကို    ငွေကျပ် တန်ဖိုး   ၁၅  သိန်းတန်ရှိသော စားသောက်     ဖွယ်ရာများအား ထောက်ပံ့     ပေးအပ်ခဲ့ကြောင်း သိရသည်။       
  ခရိုင်(ပြန်/ဆက်)