စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့အတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှု လိုက်လံကြည့်ရှုစစ်ဆေး

 

မုံရွာ  အောက်တိုဘာ   ၄


စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည်   တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များ၊   တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူ များနှင့်အတူ ယမန်နေ့က မုံရွာ မြို့     ရုံးကြီးရပ်ကွက်အတွင်း ကောက်ကွက် နှစ်ကွက်အား အဖွဲ့ ငါးဖွဲ့ခွဲကာ     စမ်းသပ်သန်းခေါင် စာရင်း    ကောက်ယူနေမှုများကိုလိုက်လံကြည့်ရှု   စစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့်   ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ရပ်ကွက်နေ ပြည်သူများအား     ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ 


အဆိုပါ  စမ်းသပ်သန်းခေါင်စာရင်းကောက်ယူမှုကို    ၂၀၂၃ ခုနှစ်  အောက်တိုဘာ   ၁   ရက်မှ  ၁၅ ရက်အထိ မုံရွာမြို့နယ်အတွင်း ရှိ ရုံးကြီးရပ်ကွက်တွင် ကောက် ကွက်  နှစ်ကွက်၊   သပြေတော ကျေးရွာတွင် ကောက်ကွက် တစ် ကွက်၊ ကော်လပြကျေးရွာတွင် ကောက်ကွက် နှစ်ကွက်၊ ကျွဲရဲ(တ) ကျေးရွာတွင်  ကောက်ကွက်   နှစ် ကွက်၊ ကျွဲရဲ(မ)  ကျေးရွာတွင် ကောက်ကွက် သုံးကွက် စုစုပေါင်း ကောက်ကွက်   ၁၀   ကွက်ဖြင့်  စမ်းသပ်သန်းခေါင်စာရင်း ကောက် ယူသွားမည်ဖြစ်ကြောင်း   သိရ သည်။

တိုင်းဒေသကြီး (ပြန်/ဆက်)