
မုံရွာ ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၈ ရက်က စစ်ကိုင်းမြို့ စစ်ကိုင်း တောင်ရိုး နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ဆရာတော် ဒေါက်တာဘဒ္ဒန္တ အရှင်ဉာဏိဿရ ဆရာတော်ကြီး ထံ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေ များ ဆက်ကပ်လှူဒါန်းပြီး သာသနာ ရေးဆိုင်ရာများ လျှောက်ထား သည်။
ဆက်လက်ပြီး သီတဂူ ဆရာတော်ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း တောင်ရိုးနှင့် မင်းဝံတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင် ကျောင်းများအတွက် သောက်သုံး ရေပေးဝေလျက်ရှိသည့် သီတဂူရေ အလှူတော် အမှတ် (၁) ရေတင် စက်ရုံသို့ရောက်ရှိရာ ဧရာဝတီ မြစ်မှ ရေတင်စက်ကြီးများဖြင့် ရေတင်နေမှုအား ကြည့်ရှုစစ်ဆေး ပြီး သောက်သုံးရေလုံလောက်စွာ ပေးဝေရေး၊ သန့်ရှင်းပြီး ကျန်းမာ ရေး ကန့်သတ်ချက်များနှင့် ကိုက်ညီသည့် သောက်သုံးရေ ရရှိ စေရေးတို့အတွက် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး ရှင်ပင်နံကိုင်းတောင်ပေါ်ရှိ ရေဂါလန် ၁၅၀၀၀၀ နှင့် ရေဂါလန် ၅၀၀၀၀ ဆံ့ သီတဂူ ရေအလှူတော် အမှတ် (၄) ရေကန်တို့အား သွား ရောက် ကြည့်ရှုစစ်ဆေးကြသည်။
အဆိုပါ စစ်ကိုင်းတောင်ရိုးရှိ သီတဂူ ရေအလှူတော်သည် ဧရာဝတီမြစ်မှရေကို မြင်းကောင် ရေ ၇၅ ကောင်အားရှိ ရေတင်စက် ၂၂ လုံးဖြင့် ရေလှောင်ကန် ၂၃ ကန် သို့ ရေတင်ပို့ကာ တစ်နေ့လျှင် ရေဂါလန်ပေါင်း ၁၅ သိန်းအား စစ်ကိုင်းတောင်ရိုး၊ မင်းဝံတောင်ရိုး တို့ရှိ ဘုန်းတော်ကြီးကျောင်း များနှင့် သီလရှင်ကျောင်း ၁၃၄၄ ကျောင်း ဆရာတော်၊ သံဃာတော်၊ သီလရှင်နှင့် တရားအားထုတ်သူ စုစုပေါင်း ၁၆၈၅၉ ဦးအတွက် နေ့စဉ်သောက်သုံးရေ ပေးဝေ လျက်ရှိသည်။
ထို့နောက် သီတဂူဆရာတော် ကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် စစ်ကိုင်းမြို့ စစ်ကိုင်း တောင်ရိုးရှိ သံဃာတော် အပါး ၄၈၀ စာသင်ကြားလျက်ရှိသည့် မြစကြာစာသင်တိုက် မဟာ နာယကဆရာတော် ဘဒ္ဒန္တ ဣန္ဒ ကာဘိဝံသ သက်တော်(၅၈)နှစ်၊ သိက္ခာတော် (၃၈) ဝါ ရုပ်ကလာပ် တော်ထားရှိသည့်နေရာသို့ ရောက် ရှိရာ သီတဂူဆရာတော်ကြီးက အန္တိမအဂ္ဂိဈာပန အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဌာနဆိုင်ရာများအား မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းတောင်ရိုး မြစကြာစာသင်တိုက် မဟာ နာယက ဆရာတော် ဘဒ္ဒန္တဣန္ဒ ကာဘိဝံသ သက်တော်(၅၈)နှစ်၊ သိက္ခာတော် (၃၈)ဝါ အန္တိမအဂ္ဂိ ဈာပနအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ငွေကျပ် သိန်း ၁၀၀ ၊ ဆန်အိတ် ၅၀ ၊ စားသုံးဆီ ပိဿာ ၁၀၀ ၊ ဒီဇယ်စက်သုံးဆီ နှစ်ပီပါအား ပေးအပ်လှူဒါန်းခဲ့ပြီး ရုပ်ကလာပ် တော်အား ဖူးမြော်ကြည်ညိုခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး
(ပြန်/ဆက်)