စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ကလေးမြို့ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

 

မုံရွာ မေ ၁၁

 

ကလေးမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ ညနေပိုင်းတွင် ကလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးဝန်ကြီး များနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်က MSME လုပ်ငန်းရှင်များအနေဖြင့် မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့်လုပ်ငန်းများ ကုန်ပစ္စည်း တိုးတက်ထုတ်လုပ်နိုင်ရန်နှင့် အခက်အခဲများရှိပါက ဆွေးနွေးတင်ပြပြီး မိမိတို့ တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့်လည်း လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားကာ တက်ရောက် လာကြသည့် MSME လုပ်ငန်းရှင်များက လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြရာ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

ထို့နောက် ကလေးမြို့ အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများထံ နိုင်ငံသားစိစစ်ရေးကတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)