စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှု ကြည့်ရှုအားပေး

 

မုံရွာ  သြဂုတ်   ၅


မြစ်ချောင်းများအတွင်းသို့   စည်း ကမ်းမဲ့စွာ   အမှိုက်စွန့်ပစ်ခြင်း မပြုဘဲ စနစ်တကျ အမှိုက်စွန့်ပစ် ခြင်းကြောင့် စိုက်ပျိုးရေး၊ ရေအား လျှပ်စစ်၊ ရေကြောင်းလမ်းသယ်ယူ ပို့ဆောင်ရေး၊ ရေထုညစ်ညမ်းမှုနှင့် အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းမှု အား ကာကွယ်တားဆီးနိုင်စေရန် ရည်ရွယ်၍   သြဂုတ်  ၅ ရက် နံနက်ပိုင်းတွင် ကွေ့ကြီးရပ်ကွက် ချင်းတွင်းမြစ်ကမ်းတစ်လျှောက် ကို  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များ၊  စည်ပင်သာယာရေးအဖွဲ့ များ၊   လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍   စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ   ဆောင်ရွက်နေမှု ကို     စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်      ဦးမြတ်ကျော်   ကြည့်ရှုအားပေးသည်။


အလားတူ    စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင် အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်၊ မြို့နယ်   ၂၈   မြို့နယ်တို့တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာန ဆိုင်ရာဝန်ထမ်းများနှင့် စည်ပင် သာယာရေးအဖွဲ့များ   စုစုပေါင်း အင်အား   ၃၀၀၀  ကျော်ဖြင့် ဘုန်းတော်ကြီးကျောင်းများနှင့် မြို့သန့်ရှင်းသပ်ရပ်သာယာရေးလုပ်ငန်းများကို   စုပေါင်းဆောင် ရွက်ခဲ့ကြသည်။ 


ဆက်လက်ပြီး     မုံရွာမြို့ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စု ကြီးတွင် စားသုံးသူရေးရာဦးစီး ဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၊    ဆန်ကုန်သည်ကြီးများ အသင်း၊     ဆီကုန်သည်နှင့် ထုတ်လုပ်ရောင်းချသူများအသင်း၊ ဟင်းသီးဟင်းရွက်     စိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်း နှင့် အသား၊ ငါး၊ ကြက်ဥမွေးမြူ ထုတ်လုပ်ရောင်းချသူများအသင်း တို့   ပူးပေါင်း၍   ပြည်သူများ အခြေခံ   စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်ရေးအတွက် ရောင်းချ ပေးနေမှုကို    တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်    တာဝန်ရှိသူများ က       ကြည့်ရှုအားပေးခဲ့ကြ သည်။


တိုင်းဒေသကြီး(ပြန်/ဆက်)