စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့် အထူးဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်

 

နေပြည်တော်      စက်တင်ဘာ     ၁၆


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း   ရောက်ရှိနေသော   တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘို မြို့ မြို့တော်ခန်းမ၌ အခြေပြု၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်း ကျင် ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံ ပြည်သူစုစုပေါင်း  ၆၉၂ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။


ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၅၅ ဦး၊ ခွဲစိတ်ရောဂါ ၅၇ ဦး၊ သားဖွားမီးယပ်ရောဂါ ၃၆ ဦး၊ ကလေးရောဂါ ၄၉  ဦး၊ အရိုးရောဂါ ၉၂ ဦး၊ နား၊  နှာခေါင်း၊  လည်ချောင်းရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၉၄ ဦးနှင့် သွားရောဂါ ၅၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၁၁ ဦးနှင့်  မျက်စိခွဲစိတ်လူနာ ၁၂ ဦး တို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။  ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၄ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၇၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ  ၂၅ ဦးနှင့်   ဓာတ်ခွဲစမ်းသပ်လူနာ   ၁၁၀ တို့ကို  ရွေ့လျားဓာတ်မှန်ရိုက်ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေး ခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန အစီ အစဉ်ဖြင့်   ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး  ထပ်ဆောင်းထိုးနှံရန် လိုအပ်သူ  ၅၀ ကို   ကာကွယ်ဆေးထိုးနှံပေးခြင်းများ  ဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက်ကုသရန်  လိုအပ်သူတစ်ဦးအား နီးစပ်ရာ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။ ယင်းနောက်  မျက်စိခွဲစိတ်ကုသမှုခံယူထားသည့် ဒေသခံ ပြည်သူများအား ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများက နေကာမျက်မှန်များ တပ်ဆင်ပေးသည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန  ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric  အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက် ကြောင်း သိရသည်။


ထိုသို့ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သို့ ဆေးကုသမှုခံယူ နေသည့် ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံစေတနာရှင်ပြည်သူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ရွှေဘို တပ်နယ်မှတာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန် ရှိသူများက     လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း   သတင်းရရှိ သည်။                               

သတင်းစဉ်