စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့ မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ဖြည့်ဆည်းထောက်ပံ့

 

မုံရွာ   နိုဝင်ဘာ    ၁၁


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းခဲ့ သည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်/စက်ပစ္စည်းများအား တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက တိုင်းဒေသကြီး   မီးသတ်ဦးစီးဌာနရုံး ခန်းမတွင် ကျင်းပသည်။


ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် က မီးသတ်တပ်ဖွဲ့ဝင်များသည်   ပြည်သူလူထု၏ လူနေမှုဘဝများအား  မီးဘေးနှင့်      အခြားသော ဘေးအန္တရာယ်များမှ ဘေးကင်းလုံ ခြုံစေရေးအတွက် ရည်မှန်းချက်တာဝန်(၄)ရပ်ကို  အကောင်အထည် ဖော်ဆောင်မှုနှင့်အတူ မဟာဗျူဟာကျသည့် အရေး ကြီးသည့်ကဏ္ဍများဖြစ်သော ကြိုတင်စီမံမှုကဏ္ဍ၊ မီးဘေးလုံခြုံရေးကဏ္ဍနှင့်   ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှုကဏ္ဍ၊ ပြန်လည်သုံးသပ်မှု ကဏ္ဍတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင် များအနေဖြင့် စွမ်းဆောင်ရည်နှင့် ကြံ့ခိုင်ရေးပြည့်ဝ အောင် လေ့ကျင့်ဆောင်ရွက်ကြရန်နှင့် မီးငြှိမ်းသတ် ရေး ပစ္စည်းကိရိယာများ   ကိုင်တွယ်အသုံးပြုခြင်း၊ ထိန်းသိမ်းခြင်းနည်းစနစ်၊  ရှာဖွေကယ်ဆယ်ရေး နည်းစနစ်နှင့်    မီးငြှိမ်းသတ်ရေးနည်းစနစ်များကို ပြည့်ဝနေအောင် လေ့ကျင့်ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း တိုက်တွန်းပြောကြားသည်။


ယင်းနောက် တိုင်းဒေသကြီး   ဝန်ကြီးချုပ်က တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးထံ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးယာဉ်/စက်ပစ္စည်းများနှင့် သက်ဆိုင်သည့် စာရွက်စာတမ်း များကို  လွှဲပြောင်းပေးအပ်သည်။   ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် အဆိုပါရုံးဝင်းအတွင်းရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူခဲ့သည့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်/စက်ပစ္စည်းများ လက်တွေ့ သရုပ်ပြသခြင်း၊ Command & Control Center ကို ကြည့်ရှုစစ်ဆေးသည်။


၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် လှေကားတင်ယာဉ် နှစ်စီး၊ လူနာတင်ယာဉ်တစ်စီး၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်လေးစီး၊ မီးသတ်ရေသယ်ယာဉ် အစီးရေ ၂၀၊ အပူချိန်တိုင်းကိရိယာ ၅၆ ခု၊  ရေငုပ်ဝတ်စုံ ၁၅ စုံ၊ ရေပက်ပိုက်လိပ်   ၃၇၀၊    မီးငြှိမ်းသတ်ရေးဝတ်စုံ (ကိုရီးယား) အစုံ ၄၀၊   အသက်ရှူကိရိယာ  ၁၀၀၊ အသက်ရှူကိရိယာလေဖြည့်စက် ၁၀ လုံး၊ အလူမီနီယံ မီးငြှိမ်းသတ်ရေးဝတ်စုံ ၁၅ စုံ၊ မြေပြင်အခြေအနေ ကြည့် ဒရုန်းတစ်ခုတို့ကို ဝယ်ယူဖြည့်တင်းခဲ့ကြောင်း သိရသည်။ 


တိုင်းဒေသကြီး(ပြန်/ဆက်)