
နေပြည်တော် မေ ၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မြေမွန်ကျေးရွာအုပ်စု မင်းကုန်းကျေးရွာ ဉေယျဓမ်တောရကျောင်း၏ ဦးစီးပဓာနနာယက၊ မဟာဗောဓိမြိုင် ဆရာတော်ကြီး ဘဒ္ဒန္တဉေယျဓမ္မသာမိ (၈၃ နှစ်၊ ၄၅ ဝါ)သည် ၁၃၈၆ ခုနှစ်၊ တန်ခူး လပြည့်ကျော် ၇ ရက်၊ ၃၀-၄-၂၀၂၄ ရက် (အင်္ဂါနေ့)၊ ၁၃ : ၁၅ အချိန်တွင် သီတင်းသုံးရာ ကျောင်း၌ ၉၆ ပါးသော ရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူကြောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရလည်းကောင်း၊ နတ်တလူ သာသနာပြုစခန်းမှ ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် ဆရာတော်ကြီး၏ ကပ္ပိယကာရကများ၏ သဘောဆန္ဒ အရလည်းကောင်း အန္တိမဈာပနကို ၎င်းတို့၏အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းနှင့် နိုင်ငံတော်အစိုးရဘက်မှလည်း လိုအပ်သည်များ ကူညီပံ့ပိုးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်