နေပြည်တော် ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့တွင် ငွေကျပ် သိန်း ၇၇၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ လှိုင်သာယာရပ်ကွက်ရှိ ဒိုကိပ် လျန်၏ နေအိမ်ကို သတင်းအရ ရှာဖွေရာ နေအိမ်တွင် ပေါင်ရှင်း လာလ်၊ မဒိမ်ရှင်းဟွဲ့နှင့် မကျိန် ရှင်းဟွဲ တို့အား ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၇၇၀၀ တန်ဖိုး ရှိ ဘိန်းဖြူ ၁၅ ဒသမ ၄ ကီလိုနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ သိမ်းဆည်း ရမိ ဘိန်းဖြူများအား ကလေးမြို့ မှ တီးတိန်မြို့သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိ ရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက် လက် စစ်ဆေးဖော်ထုတ်လျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်