စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ဆားထုံးကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုကြောင့် ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော် ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး   ဆား လင်းကြီးမြို့နယ်တွင်    နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း ရေး      ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို   PDF အမည်ခံ   အကြမ်းဖက်သမားများ က  တိုက်ခိုက်ခဲ့ရာ    တပ်ဖွဲ့ဝင် ရှစ်ဦး ကျဆုံးခဲ့ကြောင်းနှင့် ဆားထုံး ကျေးရွာမှ     နေအိမ်ရှစ်လုံးနှင့် တဲတစ်လုံးတို့ကို  လုံခြုံရေးတပ်ဖွဲ့ ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊    သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က   လုပ်ကြံရေးသားနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဇန်နဝါရီ ၁၇ ရက်က    ဆားလင်းကြီးမြို့နယ် ဆားထုံးကျေးရွာအနီးတွင်  PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း      တည်ငြိမ် အေးချမ်းမှုကို      လိုလားသည့် ပြည်သူများ၏    သတင်းပေးမှု အရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ လက်လုပ်သေနတ်  ၁၁   လက်၊ လက်လုပ်စိန်ပြောင်း တစ်လက်၊ လက်လုပ်ဗုံးသီး ငါးလုံး၊ လက်လုပ် မိုင်း နှစ်လုံးနှင့် ဆက်စပ်ပစ္စည်း များကို   သိမ်းဆည်းရမိခဲ့သည်။ ထို့နောက်   အဆိုပါကျေးရွာအနီး တွင်  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ PDF အမည်ခံအကြမ်းဖက်သောင်းကျန်း သူများက      ဆားထုံးကျေးရွာရှိ နေအိမ်များကို မီးရှို့ထွက်ပြေးသွား ခဲ့ကြောင်း သိရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့်      ရပ်ရွာ တည်ငြိမ်အေးချမ်းရေးကို ပြည်သူ လူထုနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိရာ တရားမဝင်ပြည်ဖျက် မီဒီယာများက အကြမ်းဖက်သမား များ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအပေါ်  အထင်အမြင်လွဲမှား စေရန်အတွက် သတင်းအမှားများ ကို  လုပ်ကြံရေးသားဖြန့်ဝေနေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။                      သတင်းစဉ်