
နေပြည်တော် ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ရှိ ရွှေဆိုင်တစ်ဆိုင်အား ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် အကြမ်းဖက် သမား ငါးဦးက သေနတ်နှင့်လက်လုပ်မိုင်းများ အသုံးပြုခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းမျိုးစုံ ၁၄၈၇ ခု၊ တန်ဖိုး ငွေကျပ် ၃၀၆၉ သိန်းခန့်ကို ဓားပြတိုက် ခြိမ်းခြောက်ယူဆောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက် သီတာ အေးလမ်းနေ ဦးတင်အောင် (၆၆)နှစ် (ဘ)ဦးချွန်စိန်နှင့် ဒေါ်ခင်ခင် ကြီး (၆၁)နှစ် (ဘ)ဦးကိုလေးတို့ သည် ၎င်းတို့၏နေအိမ်၌ “ဦးတင် အောင်+ဒေါ်ခင်ခင်ကြီး” အမည် ဖြင့် ရွှေဆိုင်နှင့်အပေါင်ဆိုင် လုပ်ငန်း ဖွင့်လှစ်ထားရှိကြောင်း၊ ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အဆိုပါဆိုင်သို့ Mask အနက်ရောင် တပ်ဆင် ထားပြီး လျှာထိုးဦးထုပ်များ ကိုယ်စီ ဆောင်းထားသည့် အကြမ်းဖက်သမား ငါးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိ လာပြီး ရွှေပေါင်ချင်ကြောင်း ပြော ၍ ဝင်ရောက်လာကာ ဆိုင်အတွင်း သို့အရောက်၌ ၎င်းတို့အနက် နှစ်ဦးက ဦးတင်အောင်နှင့် ဒေါ်ခင်ခင်ကြီးတို့အား သေနတ် (အတို) နှစ်လက်ဖြင့် ချိန်ရွယ် အကျပ်ကိုင်ကာ နေအိမ်အိပ်ခန်း အတွင်း ချုပ်နှောင်ခေါ်ဆောင်သွား ခဲ့ကြောင်း၊ ရွှေဆိုင် အရောင်း ခန်းမ၌ ကျန်ရှိခဲ့သည့် အကြမ်း ဖက်သမား သုံးဦးက ဆိုင်ခန်း အတွင်း မှန်ကောင်တာများဖြင့် ရောင်းချရန် ခင်းကျင်းပြသထား သည့် TA တံဆိပ်ပါ ရွှေထည်ပစ္စည်း မျိုးစုံ ၁၄၈၇ ခု၊ အလေးချိန် ၁ ပိဿာ ၆၅ ကျပ်သားခန့်၊ ကာလ တန်ဖိုးငွေကျပ် ၃၀၆၉၀၀၀၀၀ ကို မှန်ကောင်တာများအား ရိုက်ခွဲ လုယက်ယူဆောင်ပြီး နေအိမ် အိပ်ခန်းအတွင်းနှင့် မှန်ကောင် တာအပေါ်တို့၌ ရေသန့်ဘူးဖြင့် ပြုလုပ်ထားသည့် လက်လုပ်မိုင်း နှစ်လုံးထောင်၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များအား တိုင်ကြားပါက လက်လုပ်မိုင်းများ ဖောက်ခွဲ၍ သတ်ပစ်မည်ဖြစ်ကြောင်း ခြိမ်း ခြောက်ပြောဆိုကာ ဆိုင်ကယ် များဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ ကြောင်း သိရသည်။
ထိုသို့ ရွှေဆိုင်အား ဓားပြ တိုက်မှုကျူးလွန်ကာ ဆိုင်အတွင်း လက်လုပ်မိုင်းများ တပ်ဆင်ခြိမ်း ခြောက်အကျပ်ကိုင်သူ အကြမ်း ဖက်သမားများအား ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သော ပိတ်ဆို့စစ်ဆေး ရှာဖွေစစ်ဆေး ခြင်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။
သတင်းစဉ်