စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီ၊ မှိုစိုက်ပျိုးထုတ်လုပ်ရေးသင်တန်းဖွင့်

 

မုံရွာ သြဂုတ် ၂


စစ်ကိုင်းတိုင်းဒေသကြီး အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေးကော်မတီ၏  မှိုစိုက်ပျိုးထုတ်လုပ် ရေး အမှတ်စဉ်(၄/၂၀၂၂)သင်တန်းဖွင့်ပွဲ အခမ်းအနား ကို သြဂုတ် ၂ ရက် နံနက်ပိုင်းတွင်  တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ  အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


ရှေးဦးစွာ   တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီအနေဖြင့် ရည်မှန်း ချက်(၆)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက်  လုပ်ငန်းကော်မတီ ရှစ်ခုကို ဖွဲ့စည်းထားရှိ ပြီးဖြစ်ကြောင်း၊   ကလေးအလုပ်သမားလျော့နည်း ပပျောက်ရေးသည်  အလုပ်သမားများ၏ လူမှုအခွင့် အရေးများကို   ကာကွယ်စောင့်ရှောက်ပေးရသည့် လုပ်ငန်းဖြစ်ခြင်းကြောင့်    အမျိုးသားရေးတစ်ရပ် အနေဖြင့်   သတ်မှတ်ပြီး  သက်ဆိုင်ရာလုပ်ငန်း ကော်မတီများအနေဖြင့်လည်း မဖြစ်မနေညှိနှိုင်းစီမံ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

 


ယခုသင်တန်းတွင်  မှိုစိုက်ပျိုးထုတ်လုပ်နည်း အပြင် မှိုမျိုးသန့်မွေးမြူနည်းကိုပါ  ပို့ချပေးသွားမည် ဖြစ်သည့်အတွက်      သင်တန်းသားများအနေဖြင့် အတွေ့အကြုံ၊   နည်းပညာများကို     ရယူပြီး  ကိုယ်တိုင်မှိုမျိုးထုပ်များ    ပြုလုပ်စိုက်ပျိုးနိုင်ကြမည် ဖြစ်သလို စီးပွားဖြစ်ထုတ်လုပ်ရောင်းချပါကလည်း တိုင်းဒေသကြီးအတွင်းရှိသည့်  မှိုစိုက်ပျိုးလိုသူများ အနေဖြင့် မှိုမျိုးထုပ်များကို  အလွယ်တကူဝယ်ယူ သုံးစွဲနိုင်မည်ဖြစ်ကြောင်းနှင့်     သင်တန်းသားများ အနေဖြင့် သင်တန်းကာလအတွင်း စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်နှင့် တစ်ပိုင်တစ်နိုင် မှိုစိုက်ပျိုး ထုတ်လုပ်ခြင်းမှ စီးပွားဖြစ်   မှိုစိုက်ပျိုးထုတ်လုပ်သူများဖြစ်အောင် ကြိုးစားလေ့လာသင်ယူသွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။ 

 


ယင်းနောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူ များထံ သင်ထောက်ကူပစ္စည်းများ၊ မှိုမျိုးထုပ်များနှင့် Home Garden  စိုက်ပျိုးရန်အတွက်  ဟင်းသီး ဟင်းရွက်    မျိုးစေ့ထုပ်များအား   ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တာဝန်ရှိ သူများက   သင်တန်းသား၊   သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးသည်။

 


ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက    ပြခန်းတွင်ပြသထားသော ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်မှုအဆင့်ဆင့် ပြသထား ရှိမှုအား         ကြည့်ရှုအားပေးပြီး  သင်တန်းသား သင်တန်းသူများအား     မှိုစိုက်ပျိုးနည်းသင်တန်း  သင်ကြားနေမှုတို့ကို   ကြည့်ရှုအားပေးခဲ့ကြသည်။


  တိုင်းဒေသကြီး(ပြန်/ဆက်)