
နေပြည်တော် မေ ၂၃
စစ်ကိုင်းမြို့နယ် မဟာ မင်းထင် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ မေ ၂၃ ရက်က ၂၀၂၃ ခုနှစ် မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ သည်။
စိုက်ပျိုးပွဲသို့ စစ်ကိုင်း ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စစ်ကိုင်းမြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ တက်ရောက် ကြသည်။
စိုက်ပျိုးပွဲတွင် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အမှာ စကားပြောကြားပြီး တာဝန် ရှိသူများက စိုက်ပျိုးရန် ပျိုးပင်များကို ပေးအပ်ကြ သည်။
စိုက်ပျိုးပွဲတွင် ကျွန်း၊ တမာ၊ ကုက္ကို၊ မန်ဂျန်ရှားနှင့် ကံ့ကော်ပင် စုစုပေါင်း ပျိုးပင် ၅၀၀ ကို စုပေါင်း စိုက်ပျိုးကြသည်။
စစ်ကိုင်း မြို့နယ် အတွင်း ယခုနှစ်၌ ပျိုးပင် ပေါင်း ၇၀၀၀၀ ကို ဖြန့်ဝေ စိုက်ပျိုးမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း