
နေပြည်တော် ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် အုန်းတော ကျေးရွာအုပ်စု ပန်းချီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင် များက ဝင်ရောက်စီးနင်းစဉ် သုံးဦး ပစ်သတ်ခံရပြီး နေအိမ် ၃၀ ကျော်အား မီးရှို့ဖျက်ဆီးခဲ့သည်ဟု တရား မဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်း အမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁၂ ရက်တွင် ပန်းချီကျေးရွာအနီး၌ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာအတွင်း ဝင်ရောက် စီးနင်းခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိ ကြောင်း သိရှိရသည်။ တပ်မတော်သည် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထာဝစဉ် ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း၊ ပြည်သူလူထု ထိခိုက်နစ်နာစေမည့်လုပ်ရပ်များကို မည်သို့သောအခါမျှ လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် ဒေသ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိပြီး အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာများက ဒေသခံပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊ ပြည်သူ နှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်နေမှုကို ထိခိုက်စေရန်အတွက် မဟုတ်မမှန်လုပ်ကြံ၍ သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်