စစ်ကို ရှောင်လွှဲ၍မရသည့်တိုင် အဘယ့်ကြောင့် စစ်တိုက်နေကြသလဲ

Type
1

 

တင်ဇာ (IR)

စစ်ပွဲဟူသည် နိုင်ငံများအကြား သို့တည်းမဟုတ် နိုင်ငံအတွင်း ဖြစ်ပွားသော လက်နက်ကိုင်ပဋိပက္ခတစ်ခုဖြစ်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းများ၊ လူမျိုးစုများ၊ ဘာသာရေး အုပ်စုများ၊ အယူဝါဒဆိုင်ရာ လှုပ်ရှားမှုများ၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ မူးယစ်ဂိုဏ်းကြီးများနှင့် အခြားသောနိုင်ငံမဟုတ်သည့် ဇာတ်ဆောင်များ  ပါဝင်ပတ်သက်နေတတ် ပါသည်။

နိုင်ငံများ၊      အဖွဲ့အစည်းများသည် စစ်ပွဲကို       အကြောင်းပြချက်မျိုးစုံဖြင့် ဆင်နွှဲလေ့ရှိကြသည်။       ဆိုးကျိုးထက် အကျိုးအမြတ်            ပိုများနိုင်သည်ဟု မြော်မြင်သည့်အခါနှင့်   နှစ်ဖက်ညှိနှိုင်းမရသည့်အခြေအနေမျိုးတို့တွင် စစ်ပွဲဆီ သို့    ဦးတည်လေ့ရှိကြသည်။     အသုံးပြု သည့်        စစ်လက်နက်များအရလည်း သမားရိုးကျ  စစ်ပွဲ၊ သမားရိုးကျမဟုတ် သော     စစ်ပွဲများဟူ၍    ခွဲခြားသတ်မှတ် နိုင်ပါသည်။ ကန့်သတ်စစ်ပွဲနှင့်  အလုံးစုံ စစ်ပွဲတို့အကြား ကွာခြားချက်ကိုမူ စစ်၏ အတိုင်းအတာ၊               ပါဝင်ဆင်နွှဲသူတို့၏ ရည်မှန်းချက်များကိုကြည့်၍      မြင်သာ နိုင်ပြီး အရပ်သား၊  ရန်သူနှင့် စီးပွားရေး အဆောက်အအုံများအပေါ် ပစ်မှတ်ထား သည့်      ပမာဏအပေါ်ကြည့်၍လည်း ဆုံးဖြတ်ကြပါသည်။ 
စစ်ကိုဦးတည်စေသည့် အကြောင်း အချက်များမှာ အမြဲလိုလိုရှုပ်ထွေးနေပြီး ဖြစ်ရပ်များစွာအပေါ်  မှီတည်နေတတ် ပါသည်။ အထူးသဖြင့်  ယနေ့ခေတ်တွင် နယ်နိမိတ် အငြင်းပွားမှုများ၊ ရန်သူအား ကြိုတင်ခုခံ             တိုက်ခိုက်ခြင်းများနှင့် လက်တုံ့ပြန်တိုက်ခိုက်ခြင်းများက စစ်ပွဲ များဖြစ်ပေါ်စေဖို့     လှုံ့ဆော်ပေးသည့်အရာများဖြစ်လာပါသည်။   Just   War သီအိုရီအရ နိုင်ငံများအကြား စစ်ဆင်နွှဲ ရာတွင် အာဏာပိုင်အစိုးရက  တရားဝင် ကြေညာသင့်ကြောင်း       ဖော်ပြထားပါ သည်။    နိုင်ငံအတွင်းဖြစ်ပွားသော    ပဋိ ပက္ခများ၊ ပြည်တွင်းစစ်များတွင်တော့ စစ်ကြေညာလေ့မရှိတတ်ပါ။  ကြမ်းတမ်း သောစစ်၏          သဘောသဘာဝနှင့် နောက်ဆက်တွဲ      ဆိုးကျိုးများကြောင့် စစ်ပွဲကိုရှောင်လွှဲ၍ ရနိုင်မလား၊  သို့မဟုတ်           စစ်မက်ကင်းစင်သည့်  ငြိမ်းချမ်းသော         ကမ္ဘာကြီးကို        တည်ဆောက်နိုင်ပါ         မလားဆိုသည့်  မေးခွန်းများက  ယနေ့ ခေတ်တိုင်အောင် ကြိုးစားအဖြေ ရှာနေ ရဆဲဖြစ်ပါသည်။ 
ဂျာမန်စစ်ရေးပါရဂူ      ကားလ်ဗွန်း ကလော့စ်ဝစ်  (Carl  von Clausewitz) ၏ “စစ်ပွဲဟူသည် နိုင်ငံရေးပြဿနာများ ကို အခြားသောနည်းလမ်းဖြင့် ဖြေရှင်း ခြင်းဖြစ်သည်”  ဆိုသော အယူအဆကို ၁၈  ရာစုလောက်ကတည်းက နိုင်ငံရေး သမားအများစု      လက်ခံခဲ့ကြပါသည်။ သို့သော်    မဟတ္တမဂန္ဒီနှင့်   မာတင်လူ သာကင်း ကဲ့သို့          ခေါင်းဆောင်များကမူ လက်နက်မလိုဘဲ    ငြိမ်းချမ်းစွာ  အဖြေ ရှာခြင်းဖြင့်      နိုင်ငံရေးအကျိုးအမြတ် ရအောင် ဖန်တီးနိုင်ခဲ့ကြောင်း သက်သေ ပြခဲ့ကြဖူးသည်။ သို့ရာတွင်မူ ယနေ့ခေတ် တွင် တစ်နိုင်ငံချင်းအလိုက် ပြဿနာများ ကို    ငြိမ်းချမ်းသောနည်းဖြင့်   မဟုတ် တော့ဘဲ      စစ်ရေးနည်းလမ်းအရသာ ဖြေရှင်းနေကြပြီး စစ်ပွဲ၏အဆုံးသတ်မှာ စစ်ပွဲများကိုသာ ဆင့်ကဲဆင့်ကဲ တွေ့မြင် နေရပါတော့သည်။ 
စစ်အေးတိုက်ပွဲသည် ငြိမ်းချမ်းသော ကမ္ဘာ့အခင်းအကျင်းသစ်ကို     မွေးဖွား ပေးနိုင်ခဲ့သည့် စစ်ပွဲတစ်ခုအဖြစ် အများ က အသိအမှတ်ပြုခဲ့ကြသည်။   စစ်အေး ခေတ်လွန်  ကမ္ဘာကြီးတွင်  လစ်ဘရယ် ဝါဒ      ကျယ်ကျယ်ပြန့်ပြန့်   ထွန်းကား လာခြင်းနှင့်အတူ  အကြမ်းဖက်မှု  နည်း သော သာယာဝပြောသည့်  ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးနိုင်ခဲ့သည်ဟု ယူဆကြ သည်။ ဒီမိုကရေစီကို မြှင့်တင်လာခြင်း၊ နိုင်ငံစုံပါဝင်သည့် အင်စတီကျူးရှင်းများ တိုးပွားလာခြင်းနှင့်အတူ လက်နက်များ ကို     ထိန်းချုပ်ကန့်သတ်လာခြင်းများ ကြောင့်    စစ်ရေးစစ်ရာ  ကဏ္ဍနည်းပါး သွားမည်ဟု ပညာရှင်အချို့က  ခန့်မှန်းခဲ့ ကြသည်။    သို့သော်     ၂၁    ရာစုသည် မျှော်မှန်းသည့်အတိုင်း     အလွန့်အလွန် ငြိမ်းချမ်းသည့်ခေတ်တစ်ခု     ဖြစ်မလာ သေးပါ။ 
သို့သော် စစ်၏သဘောသဘာဝများ ကား သိသိသာသာ ပြောင်းလဲလာခဲ့သည် ကို အံ့ဖွယ်မြင်တွေ့နေရပါသည်။ စာရေး သူအနေဖြင့်        ခေတ်စနစ်မည်မျှပင် ပြောင်းလဲစေကာမူ စစ်ပွဲများကို လူမှုရေး သိပ္ပံပညာရှင် Hans Speier (၁၉၄၁) ၏ ရှုထောင့်မှနေ၍           အကြွင်းမဲ့စစ်ပွဲ (Absolute War)၊ အကျိုးစီးပွားရှေးရှုစစ်ပွဲ (Instrumental War)   နှင့်  အမှန်တရား ရှာဖွေစစ်ပွဲ     (Agnostic   War)    ဟူ၍ သုံးမျိုးခွဲခြား       သုံးသပ်ပြလိုပါသည်။ မည်သို့ပင်ဖြစ်စေ    ရည်မှန်းချက်ကား အတူတူပင်။     အမြစ်ပြတ်ချေမှုန်းခြင်း၊ အကျိုးအမြတ် ရယူ ခြင်း၊ ဂုဏ်သိက္ခာနှင့် တရားမျှတမှုတို့အတွက်        တိုက်ခိုက် ကြခြင်းပင်ဖြစ်သည်။ 
အမြစ်ဖြတ်ချေမှုန်းခြင်းနှင့်အတူ အကြွင်းမဲ့စစ်ပွဲများ
အကြွင်းမဲ့စစ်ပွဲဟူသည် အမြစ်ဖြတ် သုတ်သင်ရှင်းလင်းရန် ရည်ရွယ်ချက်ဖြင့် တိုက်ကြသည့် စစ်ပွဲဖြစ်သည်။  ၎င်းစစ်ပွဲ များတွင်       ပါဝင်ပတ်သက်သူများသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အန္တရာယ် ပေးမည့် အနေအထားတွင်ရှိနေပြီး စစ်၏ စည်းမျဉ်းများကိုလည်း        လေးစား လိုက်နာခြင်းမရှိတော့ချေ။     ယဉ်ကျေး သည့်    လူ့အသိုင်းအဝိုင်းနှင့်     မလျော် ဖီဆန်သည့် ကျင့်ဝတ်များကြောင့်  စစ်ပွဲ အတွင်း         အပြန်အလှန်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည်ကို    မတွေ့ရတော့ဘဲ အလုံးစုံသည်    အကြမ်းဖက်မှုများသာ ဖုံးလွှမ်းနေတော့သည်။     သမိုင်းတွင် ထိုသို့သော စစ်ပွဲများကို အလယ်ခေတ်က   ခရူးဆိတ်စစ်ပွဲများတွင်       တွေ့မြင်နိုင် သည်။  
၂၀  ရာစုကို လူမျိုးတုံးသတ်ဖြတ် သည့် ခေတ်ဟုပင်  တင်စားရမည့်အနေ အထားဖြစ်ပြီး        ယင်းကာလအတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၏ ရည်ရွယ်ချက် သည် အမြစ်ဖြတ် ရှင်းလင်းရေးကိုသာ ဦးတည်နေကြောင်း  တွေ့မြင်ခဲ့ရသည်။ အယ်လ်ဂျီးရီးယားတွင်  အစ္စလာမ္မစ်တို့ ၏ဆူပူမှု (၁၉၉၁-၂၀၀၂)၊ ဘော့စနီးယား ဟာဇာဂိုဗီးနားစစ်ပွဲ   (၁၉၉၂-၁၉၉၅)၊ ဒုတိယကွန်ဂိုစစ်ပွဲ      (၁၉၉၈-၂၀၀၃) တို့သည်   အသေအကျေများစွာဖြင့်   ၂၀ ရာစု၏       လူမျိုးတုံးစစ်ပွဲသဘောကို ထင်ဟပ်ပြသနေသည်။ 
ထို့နောက်     စစ်အေးတိုက်ပွဲအပြီး အရင်းရှင်နှင့်     ကွန်မြူနစ်စနစ်အကြား ပြိုင်ဆိုင်မှုများ  ပျောက်ကွယ်သွားသည့် အခါ      ဘာသာရေး၊         လူမျိုးရေးနှင့် ဆက်နွှယ်သည့်  စစ်ပွဲများက ခေတ်စား လာပြန်ပါသည်။      ယင်းအပြောင်းအလဲ များကပင်        ခေတ်သစ်စစ်ပွဲများကို ဖြစ်ပွားစေဖို့ မီးစများဖြစ်လာခဲ့သည်ကို တွေ့ရသည်။  သို့သော် နိုင်ငံတကာ အဖွဲ့ အစည်းများက    လူသားမျိုးနွယ်စုအား ခြိမ်းခြောက်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို  ဝင်ရောက်စွက်ဖက် ခြင်းဖြင့်    တားဆီးကြသည်။   သို့သော် ထိုကဲ့သို့ ပြင်ပကြားဝင်စွက်ဖက်မှုများ က    ပဋိပက္ခကို    မပြီးနိုင်မစီးနိုင်   ပိုမို ကြာရှည်ကျယ်ပြန့်သွားစေပြီး ငြိမ်းချမ်း ရေးထက်       တဖြည်းဖြည်းသုတ်သင် ရှင်းလင်းရေးဆီသို့သာ     ဦးတည်လာခဲ့ သည်ကို တွေ့ရပြန်သည်။ 
ယနေ့ခေတ်သစ်   စစ်ပွဲများတွင် နိုင်ငံများအပြင်      နိုင်ငံမဟုတ်သော ဇာတ်ဆောင်များပါ      ပါဝင်တိုက်ခိုက် လာကြပြီး      ရန်သူ့နယ်မြေများအပေါ် လွှမ်းမိုး       ကွပ်ကဲနိုင်ရေးအတွက် အရပ်သားပြည်သူများကိုပါ တိုက်ရိုက် တိုက်ခိုက်လာကြကြောင်း     တွေ့ရပြန် သည်။    ခေတ်သစ်စစ်ပွဲများဖြစ်သည့် အားလျော်စွာ    ဘက်စုံနည်းပညာမြင့် တိုက်ခိုက်ရေးစနစ်များကို အသုံးပြုလာ ကြသည်။       သာဓကပြရမည်ဆိုလျှင် ယနေ့ဖြစ်ပွားနေသော     အစ္စရေး- ဟားမားစ်စစ်ပွဲအတွင်း   အစ္စရေးတို့၏ လေကြောင်းနှင့် မြေပြင်မှ ပြင်းထန်သော ထိုးစစ်များကြောင့် ဂါဇာကမ်းမြောင်နေ လူပေါင်း   ၁၈၆၀၀  ကျော် သေဆုံးခဲ့ပြီး ၂ ဒသမ ၃ သန်းခန့်   အိုးမဲ့အိမ်မဲ့ဖြစ်နေ ရသည်။   ဂါဇာလို  လူဦးရေ   ၇၇၈၁၈၇ နေထိုင်သောနေရာကို နှစ်လတာ ကာလ အတွင်း   ဤမျှကြမ်းကြမ်းတမ်းတမ်း စစ်ထိုးခြင်းသည်  လက်တုံ့ပြန်ခြင်းကို ကျော်လွန်နေပြီး  အမြစ်ဖြတ်သုတ်သင် ခြင်းကို ဦးတည်နေပြီလားဟူသည်မှာ သံသယဖြစ်ဖွယ် ရှိနေပါသည်။
သို့ဖြစ်၍     အနာဂတ်ကာလတွင် နျူကလီးယား၊      ဒုံးကျည်စနစ်များ အပါအဝင် နည်းပညာမြင့် လက်နက်များ သုံးစွဲလာသည်နှင့်အမျှ   စစ်အတွင်း သေ‌ကျေပျက်စီးမှု၊ အဖျက်စွမ်းအားကြီးမှုများကိုဖြစ်စေသည့်       စစ်ပွဲပုံစံများ၊ စစ်ဆင်နွှဲသည့် ဇာတ်ကောင်စရိုက်များ ပြောင်းလဲသွားပြီး         လူမျိုးတုံးရေး ရည်မှန်းချက်ဖြင့် ဆင်နွှဲသည့် စစ်ပွဲများ အသွင် ပိုမိုမြင်တွေ့ဖွယ်ရှိသလို တစ်ဖက် ကလည်း     အရပ်သားတံတိုင်းလုပ်၍ ခုခံသည့်အနေအထားမျိုး     ရှိလာသည့် အခါ ယင်းတို့သည်လည်း  လူမျိုးတုံးရေး ကို    ဦးတည်သည့်      လုပ်ရပ်များဖြစ် ပါကြောင်း     အခိုင်အမာညွှန်းဆိုချင်ပါ သည်။ 
အကျိုးစီးပွားအတွက် စစ်ဖြစ်ကြရာဝယ်
ဒုတိယအမျိုးအစားစစ်ပွဲမှာ အကျိုး စီးပွားအတွက်      စည်းမျဉ်းများကို ချိုးဖောက်သည့် စစ်ပွဲများပင်ဖြစ်သည်။ ထိုသို့သော စစ်ပွဲများသည် လုယက်မှုနှင့် ဆင်တူနေပြီး  စစ်ပွဲတွင်  အောင်နိုင်သူ များသည် မဟာဗျူဟာကျအကျိုးအမြတ် အတွက် တိုက်ခိုက်သတ်ဖြတ်ခြင်းများ ကို  ဆောင်ရွက်လေ့ရှိသည်။   အနောက် နိုင်ငံများဆင်နွှဲခဲ့သော     ကိုလိုနီစစ်ပွဲ များသည်    အကျိုးစီးပွားရှေးရှုစစ်ပွဲ၏ သာဓကများပင်ဖြစ်သည်။   ကိုလိုနီစစ်ပွဲ များဖြစ်သည့်    အားလျော်စွာ    ကိုလိုနီ လက်အောက်ခံနိုင်ငံများ၏  သယံဇာတ များ၊ ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်၍ အကျိုးအမြတ်များ  ဖန်တီး ခဲ့ကြသည်။    ထို့ကြောင့်   အကျိုးစီးပွား ရှေးရှုစစ်ပွဲများတွင် နယ်မြေပိုင်နက်၏ လွှမ်းမိုးမှုက    ကြီးမားခဲ့ပြီး   ၁၈၁၆  မှ ၁၉၉၇ အတွင်း ဖြစ်ပွားခဲ့သော နိုင်ငံချင်း စစ်ပွဲ ၇၉ ခုအနက် ၄၃ ခုသည် နယ်နိမိတ် ကြောင့်ဖြစ်ကြောင်း    (Correlates of War-COW) ၏ အချက်အလက်များက သက်သေပြနေသည်။ 
စစ်အေးတိုက်ပွဲပြီး      နောက်တွင် လည်း တည်ရှိပြီးသား နိုင်ငံနယ်နိမိတ်ကို ဆက်လက်  ထိန်းသိမ်းထားနိုင်ရေးက နယ်မြေပိုင်နက်၏  အရေးပါမှုကို     ထင်ဟပ်ပြနေဆဲဖြစ်ပါ သည်။  ထိုနယ်နိမိတ်များကို   ထိန်းသိမ်း စောင့်ရှောက်နိုင်ရေးအတွက်     နိုင်ငံ တကာ အဖွဲ့အစည်းများ၊  အပြည်ပြည် ဆိုင်ရာ ဥပဒေများပေါ်ပေါက်လာခြင်းက   နိုင်ငံများအတွက်  အခွင့်အလမ်းတစ်ခု ဖြစ်လာသလို        အခြားနိုင်ငံများ၏ ကျူးကျော်တိုက်ခိုက်ခြင်း   ရန်မှလည်း       အနည်းနှင့်အများဆိုသလို     ရှောင်လွှဲ လာနိုင်ကြသည်။သို့သော် ကက်ရှ်မီးယား၊ အစ္စရေး-ပါလက်စတိုင်းမှသည်    တောင် တရုတ်ပင်လယ်အရေးကဲ့သို့ နယ်နိမိတ် အငြင်းပွားမှု        ပြဿနာများကား      ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ 
အစ္စရေး -   ပါလက်စတိုင်းပဋိပက္ခ သည် ကမ္ဘာ့အရှည်ကြာဆုံး   ပြဿနာ ဖြစ်ပြီး နယ်မြေပိုင်နက် အငြင်းပွားခြင်း က  ထိုပဋိပက္ခ၏  ရင်းမြစ်ဖြစ်ကြောင်း အားလုံးသိရှိပြီးဖြစ်မည်။   ကုလသမဂ္ဂ  က နှစ်ဖက်အကြား  နယ်မြေခွဲဝေရန် အဆိုပြုချက်     အောင်မြင်မှုမရှိခဲ့ပြီး နောက်ပိုင်း     ပတ်ဝန်းကျင်    အာရပ်နိုင်ငံ များနှင့်    အစ္စရေးအကြား   စစ်ပွဲများ တရစပ်ဖြစ်ပွားခဲ့ကာ     ယနေ့ထိတိုင် လူအသေအပျောက်များစွာဖြင့် ငြိမ်းချမ်း ရေးနှင့်    အလှမ်းဝေးနေဆဲဖြစ်သည်ကို တွေ့ရသည်။ 
ယနေ့ခေတ်တွင်မူ       လူဦးရေနှင့် စီးပွားရေး  ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ သယံဇာတ လိုအပ်ချက်များ ရှိလာ ခြင်းကြောင့်     စစ်ပွဲများဆင်နွှဲလာခဲ့ပါ သည်။    ကမ္ဘာလုံးဆိုင်ရာ       ရာသီဥတု ပြောင်းလဲမှုသည်     သဘာဝသယံဇာတ များအပေါ် ဆိုးကျိုးများ   သက်ရောက် လာစေပြီး   ရောဂါများ  ပျံ့နှံ့စေခြင်းကို ဦးတည်စေသလို အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခြင်းက     ပဋိပက္ခများကို လှုံ့ဆော်လျက်ရှိနေသည်။ သယံဇာတ ပေါများခြင်းသည်  ပဋိပက္ခများကို ပိုမို လှုံ့ဆော်ပေးပြီး     ဥပမာအနေဖြင့် တောင်ဆူဒန်နှင့်    မြောက်ဆူဒန်တို့၏ ရေနံပဋိပက္ခကို    တွေ့မြင်နိုင်ပေသည်။ ခေတ်သစ်   အမျိုးသားရေး  လှုပ်ရှားမှု အချို့သည်     နယ်နိမိတ်၊   လူမျိုးစုနှင့် သရုပ်သကန်နိုင်ငံရေးတို့နှင့် ဆက်နွှယ် လျက်ရှိနေသောကြောင့်    နိုင်ငံချင်း ဖြစ်ပွားသည့်စစ်ပွဲများ (Interstate War) ထက် နိုင်ငံတွင်း ဖြစ်ပွားသော စစ်ပွဲများ (Intrastate War)   ကို     ပိုမိုမြင်တွေ့ လာရသည်။ 
မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးရပြီး ကတည်းက ဖြစ်ပွားနေသော  ပြည်တွင်း လက်နက်ကိုင်  ပဋိပက္ခများသည်လည်း အကျိုးစီးပွား ရှေးရှုစစ်ပွဲအသွင်ပင်ဖြစ်ပါ သည်။         လက်နက်ကိုင်များသည် သယံဇာတပေါများသော  ဒေသများကို လက်ဝါးကြီးအုပ်လိုသောကြောင့် လူမျိုး ရေးအကြောင်းပြချက် ခေါင်းစဉ်သုံးကာ နှစ်ရှည်လများ   အစိုးရနှင့်  တိုက်ပွဲများ ဆင်နွှဲလျက်ရှိနေပါသည်။     ထို့ကြောင့် နိုင်ငံများ သို့မဟုတ် နိုင်ငံအတွင်း အကျိုး အမြတ်ရည်မှန်းချက်ဖြင့် တိုက်ကြသည့် အကျိုးစီးပွားရှေးရှုစစ်ပွဲများသည် ယနေ့ ခေတ်တွင် ပြည်တွင်းပဋိပက္ခများ အသွင် ဖြင့်    ဆက်လက်ထွန်းကားလျက်ရှိနေ မည်သာဖြစ်ကြောင်း      မှတ်ချက်ပြုလို ပါသည်။ 
ဂုဏ်သိက္ခာနှင့် 
တရားမျှတမှုအတွက် တိုက်ကြရာဝယ်
နောက်ဆုံး   အမျိုးအစားဖြစ်သည့် အမှန်တရား         ရှာဖွေစစ်ပွဲများတွင် စည်းမျဉ်းစည်းကမ်းများကို အတတ်နိုင် ဆုံး လေးစားလိုက်နာကြသည့်အတွက် စစ်အောင်နိုင်ခြင်းသည် ဂုဏ်သိက္ခာနှင့် တရားမျှတမှုကို       အခြေခံနေကြောင်း တွေ့ရှိရသည်။  ယင်းတို့မှာ    ပြည်တွင်း သို့မဟုတ် နိုင်ငံအချင်းချင်းကြား ဖြစ်ပွား ခဲ့သော        အချို့ပဋိပက္ခများအတွင်း အမျိုးသားရေး   ဂုဏ်သိက္ခာ၊  စံတန်ဖိုး၊ အမျိုးသားလုံခြုံရေး၊  နိုင်ငံ့လွတ်လပ်ရေး နှင့် အချုပ်အခြာအာဏာကို ကာကွယ် စောင့်ရှောက်ရေးအတွက်   ဆင်နွှဲခဲ့ကြသောစစ်ပွဲများဖြစ်ကြသည်။       ရောမ အင်ပါယာ၊ ဗိုက်ကင်းများ၊ ဆာမူရိုင်းနှင့် ဇူးလူးတို့ကဲ့သို့     သမိုင်းဝင်အဖွဲ့အစည်း များသည် ၎င်းတို့၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ခဲ့ကြဖူးသည်။ 
ယနေ့ခေတ်တွင်မူ    ဖွံ့ဖြိုးပြီးနိုင်ငံ များ၌ အမျိုးသားရေးဝါဒ၊ နယ်မြေရလိုမှု၊ ဂုဏ်သိက္ခာတို့အတွက်  တိုက်ခိုက်သည့် စစ်ပွဲများမှာ      ခေတ်နောက်ကျသွားပြီ ဖြစ်သည်။   သို့သော်      အင်အားကြီးနိုင်ငံ များသည်   နိုင်ငံတကာ   အခင်းအကျင်း အတွင်း     ၎င်းတို့၏     တည်ရှိမှုနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အကြောင်း ပြပြီး စစ်ပွဲများအတွင်း ဝင်ရောက်လေ့ ရှိတတ်ကြသည်ကို     လေ့လာမိသည်။ ဥပမာ- ဗြိတိသျှတို့သည့်    ၎င်းတို့၏ အချုပ်အခြာအာဏာကို      ပြန်လည် တည်ဆောက်ရန်      အကြောင်းပြ၍ အာဂျင်တီးနားနှင့်ဖြစ်ခဲ့သည့်   ဖောက် ကလန်စစ်ပွဲ  (၁၉၈၂)။ ထိုစဉ်က ဗြိတိသျှ သည်     ဆူးအက်တူးမြောင်းပြဿနာ (၁၉၅၆)   တွင်   အရေးနိမ့်ခဲ့သည်ကို ကာမိရန်     ဖောက်ကလန်စစ်ပွဲတွင် အောင်နိုင်ခဲ့ခြင်းကြောင့်         ၎င်း၏ ဂုဏ်သိက္ခာကို ပြန်အဖတ်ဆယ်ခဲ့သည် ဟုဆိုသည်။ 
၂၁   ရာစု   စစ်အေးလွန်ခေတ်တွင် အင်အားကြီးနိုင်ငံများသည်   ငြိမ်းချမ်း ရေး    ထိန်းသိမ်းရန်   အကြောင်းပြပြီး စစ်ဆင်ရေးများစွာကို    ပြုလုပ်လာကြ သည့်အလျောက်     စစ်ကို   တရားဝင် လက်နက်အဖြစ် ရွေးချယ်လာကြသည် ကို တွေ့ရသည်။   ဥပမာ-၂၀၀၁  ခုနှစ် အမေရိကန်သမ္မတ     ဘုရှ်လက်ထက်  အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်နွှဲခြင်း (War on Terror) ခေါင်းစဉ်ဖြင့် အာဖဂန်၊ အီရတ်နှင့်      အရှေ့အလယ်ပိုင်းနိုင်ငံ အချို့ကို တိုက်ခိုက်ခြင်းသည် ကမ္ဘာကြီး ငြိမ်းချမ်းဖို့ဟူသော ခေါင်းစဉ်ကိုသုံးပြီး စစ်ကို တရားဝင်ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့်   အကြမ်းဖက်တိုက်ဖျက်ရေး တံဆိပ်ခတ်ပြီး နိုင်ငံများကို ကျူးကျော် တိုက်ခိုက် သိမ်းပိုက်ခြင်းသည် အမေရိကန် အတွက်တရားမျှတသော     အကြောင်း ပြချက်တစ်ခု    ဖြစ်စေခဲ့သည်။   ထို့ပြင် အကြမ်းဖက်ဝါဒအား   တိုက်ဖျက်ရန် အတွက် သံတမန်နည်းအရ ရွေးချယ်စရာ မရှိသော  နောက်ဆုံးအားကိုးရာ   စစ်ပွဲ အဖြစ် ဖန်တီးတည်ဆောက်လာကြသည်။
စစ်နှင့် တရားမျှတမှုသည် ဝိသေသ အရရော      အနှစ်သာရအရပါ       တူညီ သည့်အရာများ မဟုတ်ပါ။ တရားမျှတမှု သည်   ဤစကြဝဠာအတွင်း  ကိုယ်ကျင့် တရားဆိုင်ရာ စနစ်အားလုံးကို လေးစား လိုက်နာခြင်းဖြစ်သည်။ စစ်ဟူသည်ကား အကျိုးစီးပွားအတွက်     လူသားတို့၏ သေကျေပျက်စီးခြင်းနှင့် အရာဝတ္ထုများ ပျက်စီးဆုံးရှုံးခြင်းကဲ့သို့    အန္တရာယ် နှစ်မျိုးနှင့် သက်ဆိုင်နေပါသည်။ 
သို့ဖြစ်၍ အမေရိကန်တို့အနေဖြင့် “War on Terror”   သည်သာ    တရား မျှတခြင်းအတွက်      တိုက်သည့်စစ် ဖြစ်ပါက         လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကိုလည်း  ဂွာတာနာမို အကျဉ်းစခန်းနှင့်     ယနေ့    အစ္စရေး-ဟားမားစ်စစ်ပွဲများတွင်   အမေရိကန်တို့ ညီတူညီမျှ ကျင့်သုံးသင့်ပါသည်။ ယနေ့ ခေတ်တွင် စစ်ပွဲကို  ‘ရွံ့ရှာဖွယ်၊ ပညာမဲ့ လုပ်ရပ် တစ်ခုသဖွယ်’   ရှုမြင်ကြသော် လည်း ‘မိမိကိုယ်ကို ခုခံကာကွယ်ခြင်း’ ဟူသော    ခေါင်းစဉ်ဖြင့်   စစ်ပွဲများကို အသက်သွင်းနေကြဦးမည်သာ      ဖြစ် သည်။  ထို့ကြောင့် စစ်ပွဲတွင် ပါဝင်သည့် ဇာတ်ကောင်များ၊ စစ်ပွဲပုံစံများ ပြောင်းလဲ လာသော်လည်း       ဂုဏ်သိက္ခာနှင့်   တရားမျှတခြင်းအတွက်          ဟူသည့် ရည်ရွယ်ချက်ဖြင့်    စစ်ကို     ဦးတည် ကြခြင်းဖြင့် ယနေ့ခေတ်စစ်ပွဲများသည် တရားဝင်နေဦးမည်သာ ဖြစ်ပါသည်။ 
အချုပ်အားဖြင့်       စစ်အေးကာလ ပြီးနောက် နိုင်ငံတကာ အဖွဲ့အစည်းများ၊ လစ်ဘရယ် စံနှုန်းများနှင့်အတူ   နိုင်ငံ တကာ    အခင်းအကျင်းသစ်တစ်ခုကို ပေါ်ပေါက်လာစေသော်လည်း    စစ်နှင့် ၎င်း၏     အခြေခံရည်မှန်းချက်များကမူ ယနေ့ခေတ်တိုင်အောင် ရှင်သန်တည်ရှိ နေဆဲဖြစ်ပါသည်။  စစ်သည် နိုင်ငံရေး ပြဿနာများကို        အဆုံးစွန်သော နည်းလမ်းဖြင့် ဖြေရှင်းခြင်းဖြစ်ရာ စစ်ဟူ သည် လူသားတို့အတွက် အနိဋ္ဌာရုံများ သာ ဖြစ်နေသည်ကိုမူ  လျစ်လျူရှု၍  မရ နိုင်ပါ။      စစ်သည်   ရှောင်လွှဲလို့ရသည့် အရာမဟုတ်သည့်တိုင် စစ်က  ဦးတည် မသွားစေဖို့ အချို့နိုင်ငံများ၊ အစိုးရများ၏ ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုများ ကိုမူ     လက်ခံကြိုဆိုရမည်သာ    ဖြစ်ပါ ကြောင်း          ရေးသားတင်ပြလိုက်ရ ပါသည်။     ။
The Objectives of War: Glory and Justice, Advantage or Annihilation? မှ မှီငြမ်း ကိုးကားထားပါသည်။