စစ်ဆင်ရေးများ ဆက်လက်ဆင်နွှဲနေသော်လည်း ယူကရိန်း၊ ရုရှား ဒုတိယအကျော့ဆွေးနွေးပွဲအတွက် ပြင်ဆင်

 

ကိယက်ဗ်   မတ်   ၃ 


နှစ်ဘက်စလုံး သေဆုံးသူ ရာချီစေခဲ့သည့် သီတင်း ပတ် တစ်ပတ်နီးပါးကြာ ရုရှားတပ်ဖွဲ့များ ယူကရိန်း ကို စစ်ဆင်ရေးဆင်နွှဲခဲ့ပြီးနောက် ဆက်လက်ဖြစ်ပွား နေသော  ပဋိပက္ခကို အဆုံးသတ်ရန် ယူကရိန်းနှင့် ရုရှားတို့သည် ဒုတိယအကျော့ဆွေးနွေးပွဲအတွက် စီစဉ်သတ်မှတ်ခဲ့သည်။ ဆက်လက်ဖြစ်ပွားနေသည့် စစ်ရေးဆင်နွှဲမှုများသည် စိတ်ပျက်စရာကောင်း ကြောင်း အဆင့်မြင့် အမေရိကန်ကာကွယ်ရေးအရာရှိ တစ်ဦးက ပြောကြားလိုက်သည်။ ၎င်းတို့၏  အခြေ အနေတင်းမာမှုများကို ထိန်းသိမ်းရန် ရွေးချယ်မှုများ လုပ်ဆောင်ရမည်ဖြစ်သည်။ 

 


ယူကရိန်းခုခံကာကွယ်မှုသည် ရုရှားတပ်ဖွဲ့များ ၏ ချီတက်တိုက်ခိုက်မှုကို အရှိန်တန့်စေသည်။ ရုရှား ခေါင်းဆောင်များ ခန့်မှန်းထားသည်ထက် ပိုကြာခဲ့ပြီး အုပ်စုပြန်ဖွဲ့ရန်နှင့် ပြန်လည်သုံးသပ်ရန် အချိန်ယူခဲ့ရ သည်ဟု   အမေရိကန်ကာကွယ်ရေးဌာန  သတင်း ပြန်ကြားရေးအကြီးအကဲ ဂျွန်ကာဘီက ပြောသည်။ 

 


ကုလသမဂ္ဂလူ့အခွင့်အရေးအေဂျင်စီက ယခု အချိန်အထိ ယူကရိန်းအရပ်သား ၂၂၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်ပြုဖော်ပြခဲ့သော်လည်း ယူကရိန်းအာဏာပိုင်များက သေဆုံးမှုပမာဏသည် ၂၀၀၀ ထက် သိသိသာသာပိုမည်ဟု ပြောကြားခဲ့သည်။ 

 


ရုရှားကာကွယ်ရေးဝန်ကြီးဌာနက    ပထမဆုံး အကြိမ်အဖြစ်    ရုရှားတပ်ဖွဲ့ဝင်  သေဆုံးစာရင်းကို ဖော်ပြခဲ့သည်။ ရုရှားတပ်ဖွဲ့ဝင် ၄၉၈ ဦး သေဆုံးခဲ့ ကြောင်း ဖော်ပြခဲ့သော်လည်း ယူကရိန်းသမ္မတက  တကယ့်သေဆုံးသည့်လူပေါင်းမှာ ခြောက်ထောင်နား ကပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ 

 


ရုရှားစေ့စပ်ညှိနှိုင်းသူများက  ၎င်းတို့  ညှိနှိုင်း ဆွေးနွေးမှုပြုလုပ်မည့်   ဘယ်လာရုဇ်နှင့်     ပိုလန် နှစ်နိုင်ငံနယ်စပ်ဒေသသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။   ထို့အတူ   ယူကရိန်းဘက် ကလည်း     ၎င်းတို့    ထွက်လာနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပထမအကြိမ် ညှိနှိုင်းဆွေးနွေးမှု သည်  ငါးနာရီကြာခဲ့ပြီး   သဘောတူညီချက်မရဘဲ ပြီးဆုံးခဲ့သည်။ 

 


ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး     ကူလီဘာက မိမိတို့သည် သံတမန်နည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေး ရန်   အဆင်သင့်ဖြစ်နေကြောင်း၊   သို့သော်လည်း ရုရှား၏ မည်သည့်ရာဇသံမှ လက်ခံရန် အဆင်သင့် ဖြစ်မနေကြောင်း ပြောကြားလိုက်သည်။ 
ရုရှား၏တောင်းဆိုမှုသည် ယူကရိန်းကို ပူတင် စစ်ဆင်ရေးမဆင်နွှဲမီ   ကြေညာထားသည့်အချက် များနှင့်    အတူတူပင်ဖြစ်ကြောင်း   ကူလီဘာက ပြောသည်။ 

 


ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းကို စစ်မဲ့နယ်မြေဖြစ်စေချင်သလို   နေတိုးထဲမဝင်ပါဘူး ဆိုသည့် ကတိကိုလည်း လိုလားကြောင်း ထပ်ကာ ထပ်ကာ ပြောကြားခဲ့သည်။ 

 


နိုင်ငံများစွာတွင် ဆန္ဒပြမှုများလည်း ဆက်လက် ဖြစ်ပွားလျက်ရှိသည်။ အမေရိကန်တွင် ပြည်သူများ သည် တိုင်းမ်စကွဲယားတွင် စုရုံးခဲ့ကြပြီး   ယူကရိန်း အလံများကို ဝှေ့ယမ်းကာ ၎င်းတို့၏ထောက်ခံမှုကို ပြသခဲ့ကြ သည်။ 


အင်န်အိတ်ချ်ကေ