စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး (၁၉) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးတက်ရောက်ကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များနှင့် နိုင်ငံအလိုက် သီးခြားစီတွေ့ဆုံ

 

နေပြည်တော်   မတ်   ၁၆


(၁၉)   ကြိမ်မြောက်  အာဆီယံ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ  အစည်းအဝေး (19th ASEAN Military Intelligence Meeting-AMIM-19) တက်ရောက် ရန် ကမ္ဘောဒီးယားနိုင်ငံ၌ ရောက်ရှိ နေသည့်    မြန်မာ့တပ်မတော်မှ  တပ်မတော်စစ်ဘက်ရေးရာ လုံခြုံ ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦးသည် မတ် ၁၄ ရက် တွင်      ကမ္ဘောဒီးယားနိုင်ငံမှ Lieutenant    General   Hun Manith ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့၊  မတ်  ၁၅  ရက်တွင် ထိုင်းနိုင်ငံမှ Lieutenant General Natee Wongissares ဦးဆောင် သော       ကိုယ်စားလှယ်အဖွဲ့၊ ဗီယက်နမ်နိုင်ငံမှ    Lieutenant General Le Hona Son ဦးဆောင် သော        ကိုယ်စားလှယ်အဖွဲ့၊ မလေးရှားနိုင်ငံမှ  Lieutenant General Datuk Ahmad Norihan Bin   Jalal   ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ လာအိုနိုင်ငံမှ Colonel    Phimmachanh VONGPANNA ဦးဆောင်သော ကိုယ်စားလှယ်      အဖွဲ့တို့နှင့်  သီးခြားစီတွေ့ဆုံသည်။

 


ထိုသို့ တွေ့ဆုံရာတွင် လက်ရှိ မြန်မာနိုင်ငံ၏   နိုင်ငံရေးအခြေ အနေနှင့်    အစိုးရ၏   ကြိုးပမ်း ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ    တပ်မတော်နှစ်ရပ် အကြား   ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုးတက်ကောင်းမွန် မှုဆိုင်ရာ ကိစ္စရပ်များနှင့်    ဒေသ တွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍  ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။

 


တွေ့ဆုံပွဲများ      အပြီးတွင် ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦးနှင့် အာဆီယံနိုင်ငံများမှ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်များသည် အမှတ်တရ  လက်ဆောင်ပစ္စည်း များ   အပြန်အလှန်ပေးအပ်ခဲ့ကြ ကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်