
မုံရွာ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနနှင့် မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ပြီး စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ ပြည်တွင်းကုန်သွယ် မှုဖွံ့ဖြိုးရေးသတင်းများ၊ အများပြည်သူ သိသင့်သည့် သတင်းအချက်အလက်များ ကို စနစ်တကျ သတင်းပြန်ကြားပေးနိုင် စေရန် ရည်ရွယ်၍ သတင်းဆောင်းပါး ရေးသားနည်းသင်တန်းကို မတ် ၁၇ ရက် က တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။
သင်တန်းတွင် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးကျော်ကျော်လွင်က ဦးစီးဌာနအနေဖြင့် ရည်မှန်းချက်တာဝန်များကို အရှိန် အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မိမိတို့ ၏ လုပ်ငန်းဆောင်ရွက်ချက်များကို သတင်းရေးသား၍ လည်းကောင်း၊ ပညာပေးဆောင်းပါးများ ရေးသား၍ လည်းကောင်း၊ စားသုံးသူရေးရာဦးစီး ဌာန၏ ဝက်ဘ်ဆိုက်တွင် ထုတ်လွှင့်ခြင်း၊ နိုင်ငံပိုင်သတင်းစာများနှင့် ဂျာနယ်များ တွင် ပေးပို့ထည့်သွင်းခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ရေးသားရာတွင် ကျွမ်းကျင်မှုရှိစေရေးနှင့် ပိုမိုထိရောက်သော သတင်းတင်ပြမှုများ ဖြစ်စေရန်အတွက် လေ့ကျင့်သင်ကြားပေး ရန် လိုအပ်သဖြင့် သတင်းဆောင်းပါး ရေးသားနည်း သင်တန်းကို ဖွင့်လှစ်ပို့ချ ရခြင်းဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုသင်တန်း မှ ရရှိလာမည့် အတတ်ပညာများဖြင့် လက်တွေ့နယ်ပယ်တွင် အသုံးချပြီး တာဝန်ကျေပွန်သော ဝန်ထမ်းကောင်း များအဖြစ် ရပ်တည်ကြစေလို ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ သင်တန်းနည်းပြ ဆရာဆရာမများက တက်ရောက်လာသော သင်တန်းသား သင်တန်းသူများအား သတင်းဆောင်းပါး စနစ်တကျရေးသားနည်းနှင့် သတင်း ဆောင်းပါးရေးသားရာတွင် လိုအပ်ချက် များနှင့် အတွေ့အကြုံများ၊ ဝက်ဘ်ဆိုက် နှင့် ဂျာနယ်များတွင် သတင်းရေးသား ပေးပို့ရန် ဆောင်ရန်ရှောင်ရန် အချက်အလက်များကို အသေးစိတ် ရှင်းလင်းပြသသင်ကြား ပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် တိုင်းဒေသ ကြီး၊ ခရိုင်၊ မြို့နယ်အဆင့် စားသုံးသူရေး ရာ ဦးစီးဌာနများမှ သင်တန်းသား သင်တန်းသူ ၄၀ တက်ရောက် သင်ကြား ကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)