စားသုံးဆီပိဿာ ၃၃၀ ကျော် ကျေးရွာအရောက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

 

ဥတ္တရ   ဇူလိုင်   ၂၈ 


ပြည်ထောင်စုနယ်မြေ    နေပြည်တော် ဥတ္တရခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင် မောင်ဆွေ ဦးဆောင်မှုဖြင့်    တပ်ကုန်း မြို့နယ်        ဆီကုန်သည်အသင်းဝင်တို့ ပူးပေါင်းပြီး    ပြည်သူများ    မီးဖိုချောင်းသုံး စားသုံးဆီဈေးနှုန်း  သက်သာစွာ  ၀ယ်ယူနိုင်ရေး ယနေ့နံနက် ၁၀ နာရီက ရေအေး ကျေးရွာအုပ်စု        ရေအေးကျေးရွာသို့ ကွင်းဆင်းရောင်းချပေးကြောင်း      သိရသည်။

 


ထိုသို့ ရောင်းချပေးရာတွင် တပ်ကုန်း မြို့နယ် ဆီကုန်သည်အသင်းဝင်  ကိုဇော် ဇော်လတ်၊   ကိုဇော်လတ်  -  မအိမွန် (ဝင်းသီရိ) ကုန်စုံဆီဆိုင်မှ စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ်   ၃၉၀၀   နှုန်း၊ လူတစ်ဦးလျှင်    ၅၀   ကျပ်သားနှုန်းဖြင့် ဆီပိဿာ   ၃၃၀ ကို     ရောင်းချပေးခဲ့ကြောင်း  သိရသည်။


မြို့နယ်(ပြန်/ဆက်)