စားသုံးဆီ ဖူလုံပိုလျှံရေး စကားဝိုင်း ဆွေးနွေး

 

နေပြည်တော်   စက်တင်ဘာ   ၈


ပြည်တွင်းစားသုံးသူများ  သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီစားသုံးနိုင်ရန်နှင့် ဖူလုံရန်၊  ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက်   ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုတန်ဖိုး ကွင်းဆက်တစ်လျှောက်ရှိ ပါဝင်ပတ်သက်နေသူများအားလုံး တွေ့ကြုံနေရသည့် အခက်အခဲများအား ဝိုင်းဝန်းဖြေရှင်းသွားမည်ဖြစ် ကြောင်း    ယနေ့ကျင်းပသည့်   မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗုဒ္ဓဟူး နေ့ စကားဝိုင်းအစီအစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆွေးနွေးပြောကြားသည်။


အဆိုပါ စကားဝိုင်း အစီအစဉ်သို့ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ကိုယ်စားလှယ်များ က အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။


စကားဝိုင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး က ဆီထွက်သီးနှံ မျိုးကောင်း မျိုးသန့်လိုအပ်ချက် ပြည့်မီအောင်   ထုတ်လုပ်နိုင်ရေး၊   ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သော သွင်းအားစုများ၊ စိုက်ပျိုးစရိတ်များရရှိရေး၊ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်ရာတွင် စက်ကိရိယာများ တိုးချဲ့သုံးစွဲနိုင် ရေး စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ကန်ထရိုက်လယ်ယာစနစ်တွင် ပါဝင်ဆောင်ရွက်ရေး အားပေးကူညီလျက်ရှိကြောင်း၊ ပြည်ပမှ   တင်သွင်းလာသည့်  စားအုန်းဆီများကို အရည်အသွေး စနစ်တကျ စစ်ဆေးနိုင်ရန်နှင့် ဆီစက် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရှေ့လုပ်ငန်း စဉ်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပြီး  မြေပဲ၊  နှမ်းအပြင် အလားအလာကောင်း သော ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးကို လည်း  ရေ  မြေ  ရာသီဥတုများအပေါ်  မူတည်၍ ဒေသအလိုက် သီးနှံပုံစံများ ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။  


နေပြည်တော်ကောင်စီနယ်မြေအတွင်း   ဆီ စားသုံးမှုနှင့်   ဆီအမျိုးအစား စစ်တမ်းကောက်ယူ သကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဆီစားသုံးမှုနှင့် ဆီအမျိုးအစား စစ်တမ်း ကောက်ယူ နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါစစ်တမ်း များ ထွက်ပေါ်လာမှုကို အခြေခံ၍  ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့် ပို့ကုန်တိုးမြှင့်ရေး အစီအမံများ ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊     အလားတူ ဆီထွက်သီးနှံများတွင်   သီးနှံအလိုက်  ပါဝင်သည့် ဆီပါဝင်မှုနှုန်းပမာဏအားသိရှိရန်   အသေးစိတ် လေ့လာခြင်း၊    ဆီဖူလုံရေးအတွက်  အလားအလာ ရှိသည့် ဆီထွက်သီးနှံများကို ဖော်ထုတ်အသုံးချရေး၊ ဆီအရည်အသွေး ထိန်းသိမ်းရန်အတွက် ထုပ်ပိုးမှုနှင့် အညွှန်းဖော်ပြမှုစနစ်များကို    တိကျစွာလိုက်နာ ဆောင်ရွက်ရေး၊ ဆီကုန်ထုတ်စွမ်းအား တိုးတက်ရန် နှင့် ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရန်၊ စက်မှုလယ်ယာ စနစ်ကို    ထိရောက်စွာ  အကောင်အထည်ဖော် ဆောင်ရွက်ရန်၊  ရေ မြေ ရာသီဥတု အနေအထား၊ ဆည်ရေသောက်ဧရိယာများအပေါ်မူတည်၍ သီးနှံ စိုက်ပျိုးမှုစနစ် ပြောင်းလဲဆောင်ရွက်နိုင်ရေးတို့ကို တွန်းအားပေး   လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။                                  

သတင်းစဉ်