စာရင်းပညာရှင်များ အရေအတွက်သာမက အရည်အသွေးတိုးတက်စေရန်နှင့် စာရင်းပညာရပ်များကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်ရန် လိုအပ်

 

နေပြည်တော်   ဇန်နဝါရီ   ၅
လက်မှတ်ရ    ပြည်သူ့စာရင်းကိုင် (Certified Public Accountant - CPA)  (ပထမပိုင်း) အမှတ်စဉ်-  ၄၆ သင်တန်းဖွင့်ပွဲအခမ်းအနား ကို   ယနေ့နံနက်  ၉  နာရီတွင် ပြည်ထောင်စု   စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌        ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။ (ယာပုံ)
သင်တန်းဖွင့်ပွဲ အခမ်းအနား တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာ  ကံဇော် က စာရင်းပညာရှင်များ အရေအတွက် သာမက အရည်အသွေးတိုးတက် စေရန်နှင့်    စာရင်းပညာရပ်များကို နိုင်ငံတကာနှင့်    ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရန်      လိုအပ်ပါ ကြောင်း၊ သို့ပါ၍  CPA  သင်ရိုး ညွှန်းတမ်းများကို   မြန်မာနိုင်ငံ စာရင်းကောင်စီမှ    ပြည်ပနိုင်ငံ များ၏    စာရင်းပညာသင်ကြားမှု အဆင့်အတန်းနှင့်အညီ အဆင့် မြှင့်တင်       ဆောင်ရွက်လျက်ရှိ ကြောင်း၊     ၂၀၁၄     ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည့် Mutual  Recognition Agreement (MRA)  အရ ယခုအချိန်တွင် မြန်မာစာရင်း  ပညာရှင်များအား      အာဆီယံ လက်မှတ်ရ  စာရင်းပညာရှင်များ (ACPA) အဖြစ် ပေါ်ထွက်လာပြီ ဖြစ်ပါကြောင်း။ 

 


တိတိကျကျလိုက်နာ


သို့ပါ၍       ဤသင်တန်းသို့  တက်ရောက်ခွင့်ရသည့် သင်တန်း သားများအနေဖြင့် မိမိတို့ရရှိထား သည့်       အခွင့်အလမ်းများကို အပြည့်အဝရရှိနိုင်ရန်   သင်တန်း ကာလအတွင်း သင်ကြားပေးသည့် ဘာသာရပ်များကို    လုံ့လဝီရိယ စိုက်ထုတ်၍ လေ့လာသင်ယူကြ ရန်၊  သင်တန်းစည်းကမ်း၊ စာမေးပွဲ စည်းကမ်းများကို        တိတိကျကျ လိုက်နာပြီး        နိုင်ငံတော်၏ အနာဂတ်       ဖွံ့ဖြိုးတိုးတက်ရေး၊ စာရင်းပညာ    အနာဂတ်ဖွံ့ဖြိုး တိုးတက်ရေးတို့တွင် ပါဝင်ဆောင် ရွက်နိုင်သည့် နိုင်ငံတော်အတွက် အားထားရသော   ပထမအဆင့် စာရင်းပညာရှင်များ   ဖြစ်အောင် ကြိုးပမ်း           ကြစေလိုကြောင်း  မှာကြားသည်။ 

 


ထို့နောက်    ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊     သင်တန်း ကျောင်း           ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက် များကို    ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို   ရုပ်သိမ်း လိုက်သည်။

 


လက်မှတ်ရ  ပြည်သူ့စာရင်း ကိုင် (CPA) (ပထမပိုင်း) သင်တန်း အမှတ်စဉ်-  ၄၆  တွင်   ဤရုံးမှ သင်တန်းသား ၅၁ ဦးနှင့် ဝန်ကြီး ဌာန/အဖွဲ့အစည်းမှ သင်တန်းသား  ၉၄     ဦးတို့ကို     သင်တန်းခန်း တက်ရောက် (Face  to  Face) ပို့ချခြင်းဖြင့်လည်းကောင်း၊ မြန်မာ နိုင်ငံစာရင်းကောင်စီ       (MAC)၊ ရန်ကုန်            သင်တန်းကျောင်းမှ  သင်တန်းသား ၂၀ ကို Online ဖြင့် လည်းကောင်း စုစုပေါင်း ၁၆၅ ဦး ကို      သင်ကြားပို့ချမည်ဖြစ်ပြီး ဘာသာရပ်များအနေဖြင့် Module 1 တွင် ဘာသာရပ် (၃) ခု၊ Module 2 တွင် ဘာသာရပ် (၃) ခု စုစုပေါင်း ဘာသာရပ် (၆) ခု တို့ကို  ဇန်နဝါရီ ၅ ရက်မှ ဒီဇင်ဘာ ၂  ရက်အထိ ၁၁   လကြာ   ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။

 


သင်တန်းဆင်းအမှာစကားပြော


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်သည်  ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၌   ၂၀၂၁   ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ  ၂၀၂၂ ခုနှစ် ဒီဇင်ဘာ  ၅  ရက်အထိ  ဖွင့်လှစ် ပို့ချခဲ့သော အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း (Grade-1)  အမှတ်စဉ်  -    ၂၃၃ သင်တန်းဆင်းပွဲ အခမ်းအနားသို့  တက်ရောက်၍     သင်တန်းဆင်း အမှာစကား      ပြောကြားသည်။    ယနေ့ပြီးမြောက်သော Grade-1  သင်တန်းသို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန များမှ သင်တန်းသား ၁၂၅ ဦး တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရသည်။              

 သတင်းစဉ်