စာပေနှင့် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးရေး၊ စာကြည့်တိုက်များ ရေရှည်တည်တံ့စေရေး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဟောပြောဆွေးနွေးပွဲများကျင်းပ

 

တောင်ကြီး  ဇန်နဝါရီ   ၁၉


မြန်မာနိုင်ငံ    သတင်းမီဒီယာ ကောင်စီ ၊  မြန်မာနိုင်ငံစာရေးဆရာ အသင်းနှင့်   မြန်မာနိုင်ငံစာကြည့် တိုက်ဖောင်ဒေးရှင်းတို့   ပူးပေါင်း ပြီး စာပေနှင့်  သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးလာစေရေး၊     ဒေသတွင်းရှိ စာကြည့်တိုက်များ ပိုမိုအားကောင်း လာစေရေးတို့အတွက်    ရှမ်းပြည် နယ်(တောင်ပိုင်း)ရှိ     မြို့ကြီးအချို့ တွင်    ဟောပြောဆွေးနွေးပွဲများ  ပြုလုပ်လျက်ရှိရာ   ဇန်နဝါရီ  ၁၈ ရက်တွင်  ရှမ်းပြည်နယ် စာကြည့် တိုက်ဖောင်ဒေးရှင်း၊    တောင်ကြီး မြို့နယ်    စာရေးဆရာအသင်းတို့  နှင့်ပူးပေါင်းပြီး    တောင်ကြီးမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန    လူထုအခြေပြုဗဟို ဌာနခန်းမ၌လည်းကောင်း ဇန်နဝါရီ  ၁၉ ရက်တွင်  ကလောခရိုင်    စီမံ အုပ်ချုပ်ရေးကောင်စီ၊   ကလော မြို့နယ်စာရေးဆရာအသင်းတို့နှင့် ပူးပေါင်းပြီး  ကလောမြို့ အထက (၁)    ကျောင်း၌    လည်းကောင်း သက်ဆိုင်ရာ       သတင်းမီဒီယာ သမားများနှင့်     စာပေသမားများ၊ စာကြည့်တိုက်    ဖောင်ဒေးရှင်း တာဝန်ရှိသူများ၊    ကျောင်းသား ကျောင်းသူများနှင့်       တွေ့ဆုံပြီး ဆွေနွေးပွဲများ ပြုလုပ်သည်။


ထိုသို့     တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ        သတင်းမီဒီယာ ကောင်စီနှင့်     မြန်မာနိုင်ငံစာရေး ဆရာအသင်းဥက္ကဋ္ဌ၊ စာကြည့်တိုက် ဖောင်ဒေးရှင်း       ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံ       သတင်းမီဒီယာ ကောင်စီအတွင်းရေးမှူး  ဦးအောင် ပြည့်စုံ၊  ရှမ်းပြည်နယ်    ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့် ရွှေ၊ ရှမ်းပြည်နယ် စာကြည့်တိုက် ဖောင်ဒေးရှင်းဥက္ကဋ္ဌ       ဒေါ်မေ မေနီ၊    ကလောခရိုင် အုပ်ချုပ် ရေးမှူး ဦးစိုးမြင့်နှင့်  သက်ဆိုင်ရာ ခရိုင် မြို့နယ်အဆင့် တာဝန်ရှိသူ များက ပူးပေါင်းပါဝင်ဆောင်ရွက် ကြသည်။


အဆိုပါ   ဆွေးနွေးပွဲများတွင်  လူငယ်အကျိုးပြု        စာပေများ ထွန်းကားရေး၊  အဆိပ်သင့်စာပေ များ     ရေးသားထုတ်ဝေခြင်းကို ရှောင်ကြဉ်ရေး၊        သတင်းတု သတင်းမှားများကို      ကျေပျက် အောင် ချေဖျက်ရေး၊ ဒေသတွင်း စာကြည့်တိုက်များ ရေရှည် ရပ်တည်      ရှင်သန်နိုင်ရေးတို့ အတွက် ဒေသခံစာပေသမားများ နှင့်   အပြန်အလှန်ဆွေးနွေးခဲ့ကြ သည်။                     
သတင်းစဉ်