စာပေဗိမာန် စာအုပ်အသင်း စာအုပ်ဖြန့်ချိ

 

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန    စာပေဗိမာန် စာအုပ်အသင်းက  ပခုက္ကူကျမ်းစာပေ၊  ပထမဆုရ “ဦးစိန်လှိုင်(မဟာဝိဇ္ဇာ)”  ရေးသားသည့် “စာမရီ” စာအုပ်ကို ၂၀၂၂ ခုနှစ် မေလ   အသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များထံသို့ ဖြန့်ချိလျက်ရှိသည်။

 

ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ် (၅၂၉/၅၃၁) ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ် အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်း ဝင်များသို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနခရိုင်ရုံးများမှ တစ်ဆင့်လည်းကောင်း၊  စာတိုက်  မှ  တစ်ဆင့်လည်းကောင်း ပေးပို့လျက်ရှိပါသည်။

 


စာပေဗိမာန်စာအုပ် အသင်းဝင်လိုပါက အတွင်း ရေးမှူး၊ စာပေဗိမာန်စာအုပ်အသင်း အမှတ်(၅၂၉/ ၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း ၀၁- ၂၄၉၀၃၁၊  ၃၈၁၄၄၈ သို့ လိပ်မူ၍ဆက်သွယ်နိုင်ကြောင်း သတင်း ရရှိသည်။

                                          သတင်းစဉ်