စာမဖတ်တတ်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကြမ်းဖက်မှု၊ ပဋိပက္ခများနှင့် ဆင်းရဲနွမ်းပါးမှုတို့ကို ဖြစ်ပေါ်စေ

 

မြိတ်   စက်တင်ဘာ   ၈


တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီး ချုပ်    ဦးမြတ်ကိုသည်    တိုင်း ဒေသကြီး    ဝန်ကြီးများ၊     ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၈  ရက်  နံနက်   ၉ နာရီက    မြိတ်မြို့   ပုလဲရတနာ ခန်းမ၌   ကျင်းပသည့်   ၂၀၂၃  ခုနှစ် နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ အခမ်းအနားတက်ရောက် ခဲ့ကြသည်။


အဆိုပါ      အခမ်းအနားတွင် တိုင်းဒေသကြီး       ဝန်ကြီးချုပ် ဦးမြတ်ကိုက      နိုင်ငံသားတိုင်း စာတတ်မြောက်မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင် စွာ    ဆောင်ရွက်သွားနိုင်မည် ဖြစ်သည့်အတွက်     နိုင်ငံတော် အစိုးရအနေ ဖြင့်     နိုင်ငံသားတိုင်း    KG+9    (အလယ်တန်းအဆင့်)       ပညာပြီးဆုံးသည်အထိ သင်ကြား နိုင်ရေး၊ စိုက်ပျိုးရေးပညာ၊ မွေးမြူ ရေးပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ   ဖြစ်လာစေရန် ဦးတည်     ဆောင်ရွက်လျက်ရှိ ကြောင်း၊၊ 


၂၀၁၄ ခုနှစ်နှင့် ၂၀၁၉  ခုနှစ် သန်းခေါင်စာရင်းအရ  မြန်မာနိုင်ငံ တွင်  အသက်ငါးနှစ်နှင့်အထက် လူဦးရေ လေးသန်းခန့်  တစ်နည်း အားဖြင့် နိုင်ငံ့လူဦးရေ၏ ၈ ဒသမ ၁ ရာခိုင်နှုန်းသည်  အခြေအနေ အကြောင်း       အမျိုးမျိုးကြောင့် ကျောင်း     မနေခဲ့ကြရသည်ကို လေ့လာတွေ့ရှိရကြောင်း၊    စာ မဖတ်တတ်ခြင်းသည်   လူ့အဖွဲ့ အစည်းတစ်ခုလုံးကို     အကြမ်း ဖက်မှု၊ ပဋိပက္ခများနှင့်   ဆင်းရဲ နွမ်းပါးမှုတို့ကို    ဖြစ်ပေါ်စေနိုင် သည့်  အကျိုးသက်ရောက်မှုများ    ရှိနိုင်သည့်အတွက်     လူတိုင်း စာတတ်မြောက်ရန်    အလွန် အရေးကြီးကြောင်း      အမှာစကား ပြောကြားသည်။


ဆက်လက်၍   ၂၀၂၃    ခုနှစ် နိုင်ငံတကာ    စာတတ်မြောက် ရေးနေ့   အခမ်းအနားသို့    ပေးပို့ သော  ယူနက်စကို   ညွှန်ကြားရေး မှူးချုပ်၏    သဝဏ်လွှာကို   တိုင်း ဒေသကြီးပညာရေးမှူး     ဦးဝင်း နောင်က    ဖတ်ကြားပြီး    နိုင်ငံ တကာ   စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်     အထက်တန်း၊ အလယ်တန်း၊     မူလတန်းအဆင့် စာစီစာကုံး၊  ပန်းချီ၊   ပိုစတာ၊ ကဗျာပြိုင်ပွဲတွင်   ဆုရရှိသော   ကျောင်းသား   ကျောင်းသူများအား ဝန်ကြီးချုပ်နှင့်      တာဝန်ရှိသူများ က  ဂုဏ်ပြုဆုများ   ချီးမြှင့်ခဲ့ကြ ပြီး    မြိတ်မြို့နယ်ရှိ   ဘုန်းတော် ကြီးသင်  ပညာရေးကျောင်းသား ကျောင်းသူများအား     ကျောင်းသုံး စာရေးကိရိယာများ   ထောက်ပံ့ ခဲ့ကြသည်။


ထို့နောက်       အထက   (၉)ကျောင်းသား    ကျောင်းသူများက “တို့အင် တို့အား”    သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး ၂၀၂၃ ခုနှစ် နိုင်ငံတကာ စာတတ်မြောက်ရေး နေ့    အထိမ်းအမှတ်   စာတတ် မြောက်ရေးလုပ်ငန်းများ  ဆောင် ရွက်မှု    Video   Clip    ပြသရာ ဝန်ကြီးချုပ်နှင့်     တက်ရောက် လာကြသူများက    ကြည့်ရှု အားပေးခဲ့ကြသည်။   ၂၀၂၃   ခုနှစ် နိုင်ငံတကာ  စာတတ်မြောက်ရေး‌ နေ့အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ် သည့်  “တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်း     ကမ္ဘာကြီးသို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေး မြှင့်တင်စို့”      ဆောင်ပုဒ်အတိုင်း နိုင်ငံတော်မှ စာမတတ်သူ လူငယ် များနှင့်        လူကြီးများအတွက် စာတတ်မြောက်ရေး   လုပ်ငန်း အစီအစဉ်များ        ရေးဆွဲအကောင် အထည်ဖော်      ဆောင်ရွက်လျက် ရှိကြောင်း  သိရသည်။

ခိုင်ထူး (ပြန်/ဆက်)