စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၆၀၀၀ နှုန်းဖြင့် လိုက်လံရောင်းချပေးလျက်ရှိ

 

နေပြည်တော်   မတ်  ၁၇


စားသုံးသူ  ပြည်သူများ  စျေးနှုန်း သက်သာ​စွာ       ဝယ်ယူနိုင်​ရန် စားအုန်းဆီ    တစ်ပိဿာလျှင်   ငွေကျပ် ၆၀၀၀ နှုန်းဖြင့် တိုင်း ဒေသကြီးနှင့်          ပြည်နယ်အသီးသီး တွင်  လိုက်လံရောင်းချပေးလျက် ရှိကြောင်း     မြန်မာနိုင်ငံ    ဆီ ကုန်သည်များနှင့် ဆီလုပ်ငန်းရှင် များအသင်းမှ သိရသည်။ 

 


မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ  ရည်ညွှန်းငွေ      လဲလှယ်နှုန်းဖြင့်  ရောင်းချပေးသည့်  နိုင်ငံခြားငွေ ရရှိမှုအပေါ်အခြေခံ၍ ဒေါ်လာရယူ သည့် ကုမ္ပဏီမှ တင်သွင်းလာသည့်  ဆီများကို သက်သာသည့် အထူး နှုန်းဖြင့် စားသုံးသူပြည်သူများထံ ဈေးကားများဖြင့်   လိုက်လံ ရောင်းချပေးနေခြင်းဖြစ်သည်။ 

 


ဈေးကွက်တွင်  စားအုန်းဆီ ပုံးဆွဲဈေး တစ်ပိဿာလျှင်ငွေကျပ် ၆၇၀၀   ဝန်းကျင်ဖြင့်   ရောင်းချ လျက်ရှိသော်လည်း       အထူးနှုန်း ဖြင့်           ရောင်းချလျက်ရှိသည့် ဈေးကားများတွင်   တစ်ပိဿာ လျှင်  ငွေကျပ် ၆၀၀၀ ဖြင့် မည်သူ မဆို   လွတ်လပ်စွာ  ဝယ်ယူနိုင် ကြောင်း သိရသည်။ 

 


“စားအုန်းဆီ      တင်သွင်းတဲ့ ကုမ္ပဏီတွေက  အကျိုးအမြတ်ကို    ပဓာနမထားဘဲ       ဈေးကွက် ပေါက်ဈေးအတိုင်း သင့်တင့်မျှတ တဲ့     ဈေးတစ်ခုဖြစ်ဖို့    မေတ္တာ ရပ်ခံပြီး   ဈေးကွက်   အတတ် နိုင်ဆုံး ထိန်းကျောင်းနေပါတယ်။ ကုန်ဈေးနှုန်းတည်ငြိမ်ဖို့၊ သင့်တင့် မျှတတဲ့   ဈေးနှုန်းနဲ့   စားသုံးသူ ပြည်သူတွေ ဝယ်ယူရရှိနိုင်စေဖို့ အတွက်လည်း     ထိန်းညှိဆောင် ရွက်လျက်ရှိပါတယ်” ဟု မြန်မာ နိုင်ငံ    ဆီကုန်သည်များနှင့်    ဆီ လုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။ 
စားအုန်းဆီ     ဈေးနှုန်းကို  ကမ္ဘာ့ပေါက်ဈေးပေါ်     မူတည်၍ လိုက်လျောညီထွေသော သင့်တင့် သည့် ဈေးနှုန်းတစ်ခုဖြင့် ရောင်းချ ရန် မြန်မာနိုင်ငံဆီကုန်သည်များ နှင့်  ဆီလုပ်ငန်းရှင်များ အသင်း အနေဖြင့်    ဆီလုပ်ငန်းရှင်များသို့ မေတ္တာရပ်ခံထားကြောင်း    သိရ သည်။                          

ကိုထက်