စားအုန်းဆီ လက်ကားရည်ညွှန်းဈေး တစ်ပိဿာ ၆၀၂၅ ကျပ်

 

နေပြည်တော်    မေ    ၁


စီးပွားရေးနှင့်      ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန      စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း     လုပ်ငန်းကြီးကြပ်ရေးကော်မတီ အနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌  ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး    ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေ သည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊   အခွန်အခများ   ထည့်သွင်း တွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

 


ယခုအပတ်အတွင်း  ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် စားအုန်းဆီဈေးနှုန်းများ မြင့်တက်လာပြီး တစ်ပတ် အတွင်း    ဖြစ်ပေါ်ခဲ့သည့် FOB   ဈေးနှုန်းများအပေါ်အခြေခံ၍ တွက်ချက်မှုအရ ၂၀၂၂ ခုနှစ် မေ ၂ ရက်မှ မေ ၈ ရက်အထိ ရန်ကုန် အထိုင်ဈေး   အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ   စားအုန်းဆီ  တစ်ပိဿာလျှင်    ၆၀၂၅ ကျပ်ဖြစ်ကြောင်း    ထုတ်ပြန်ကြေညာ ထားသည်။

 


ထို့အပြင်    ပြည်တွင်းဈေးကွက်အတွင်း    ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

 


အဆိုပါ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို စားသုံးသူ ရေးရာဦးစီးဌာန၏ Website: www.doca.gov.mm နှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ 

သတင်းစဉ်