ဗန်းမော်-နေပြည်တော်တိုက်ရိုက် ပထမဆုံး ခရီးသည်တင်ယာဉ်လိုင်းပြေးဆွဲ

 

ဗန်းမော် ဖေဖော်ဝါရီ ၅


ပြည်သူများခရီးသွားလာမှု ချောမွေ့အဆင် ပြေစေရေးနှင့်   ကုန်စည်စီးဆင်းမှု  လွယ်ကူ မြန်ဆန်စေ​ရေးအတွက် ဗန်းမော်-နေပြည် တော်   တိုက်ရိုက်ပြေးဆွဲမည့်   ကြယ်တံခွန် အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း အသစ်   ဖွင့်ပွဲကို   ဖေဖော်ဝါရီ   ၃  ရက်က  ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်ရှိ ကြယ်တံခွန်  ယာဉ်လိုင်းဂိတ်၌ ကျင်းပသည်။ 

 


ယခင်က ဗန်းမော်-မန္တလေး ၊ ဗန်းမော်-ရန်ကုန် တိုက်ရိုက်ပြေးဆွဲနေသည့် မော်တော် ယာဉ်လိုင်းများသာရှိခဲ့ပြီး ဗန်းမော်-နေပြည် တော်    တိုက်ရိုက်ပြေးဆွဲသည့်    အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း    တစ်ခုမှ မရှိခဲ့သောကြောင့်   ကြယ်တံခွန်  အဆင့်မြင့် ခရီးသည်ပို့ဆောင်ရေး      ယာဉ်လိုင်းအသစ် သည်    ဗန်းမော်-နေပြည်တော်    ခရီးစဉ်ကို ပထမဆုံး တိုက်ရိုက်ပြေးဆွဲသည့်ယာဉ်လိုင်း ဖြစ်လာသည်။

 


တစ်ရက်ခြား ပြေးဆွဲမည်


ဗန်းမော်မှ ပထမဆုံးခရီးစဉ်ကို ဖေဖော် ဝါရီ ၄  ရက် နံနက် ၁၀ နာရီတွင် ဗန်းမော် ဂိတ်မှ  စတင်ပြေးဆွဲခဲ့ပြီး  နေပြည်တော်မှ ပထမဆုံး ခရီးစဉ်ကိုလည်း တစ်ပြိုင်တည်း စတင်ပြေးဆွဲခဲ့ကာ နောက်ပိုင်းတွင် တစ်ရက် ခြား  ပြေးဆွဲမည်ဖြစ်ကြောင်း၊   ဗန်းမော် မှထွက်ခွာသောယာဉ်၏  လမ်းခရီးစဉ်များမှာ ဗန်းမော်-ရွှေကူ-ရွှေဘို-မိတ္ထီလာ-ပျော်ဘွယ်-ရမည်းသင်း-တပ်ကုန်း-နေပြည်တော် ဖြစ် ကြောင်းနှင့် ယာဉ်စီးခမှာတစ်ဦးလျှင် ငွေကျပ် ၄၅၀၀၀ ဖြစ်ကြောင်း သိရသည်။


ဆီမီးခုံ-နန်းရီ