ဗင်နီဇွဲလားသမ္မတ မာဒူရို အီရန်သမ္မတနှင့် တွေ့ဆုံရန် တီဟီရန်သို့ရောက်ရှိ

 

တီဟီရန်   ဇွန်   ၁၀ 


ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုသည် အီရန်သမ္မတ အီဘရာဟင်ရိုင်စီနှင့် ဆွေးနွေးမှုပြုလုပ်ရန် ဇွန် ၁၀ ရက်က တီဟီရန်သို့ရောက်ရှိလာခဲ့ကြောင်း နိုင်ငံပိုင်သတင်းတစ်ရပ်တွင် ဖော်ပြလိုက်သည်။ 

 


ရိုင်စီ၏ ဖိတ်ကြားချက်အရ  မာဒူရိုသည် အီရန် နိုင်ငံသို့ နှစ်ရက်ကြာ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း တရားဝင်      သတင်းအေဂျင်စီတစ်ခုဖြစ်သည့် အိုင်အာရ်အင်န်အေက ဖော်ပြသည်။ 

 


ခေါင်းဆောင်နှစ်ဦးကြား    ဆွေးနွေးမှုများကို ဇွန်  ၁၁  ရက်တွင်   ပြုလုပ်မည်ဖြစ်သည်။   ထို့အပြင် နှစ်ဖက်အဆင့်မြင့်       ကိုယ်စားလှယ်များလည်း ဆွေးနွေးပွဲ    တက်ရောက်မည်ဖြစ်ကြောင်း   သိရသည်။ 

 


ဗင်နီဇွဲလား   ဆိုရှယ်လစ်ခေါင်းဆောင်  ဟူဂို ချာဗက်ဇ် လက်ထက်ကတည်းက  ရေနံထုတ်လုပ် သည့်    နိုင်ငံများကြား   နှစ်နိုင်ငံဆက်ဆံမှုသည် ခိုင်မာအားကောင်းလျက်ရှိပြီး   မာဒူရိုလက်ထက်တွင် နှစ်နိုင်ငံဆက်ဆံရေးမှာ   ပိုမိုခိုင်မြဲလာခဲ့သည်။
အီရန်နိုင်ငံသည်    ယခုသီတင်းပတ်အတွင်း မာဒူရို    သွားရောက်လည်ပတ်ခဲ့သည့်  တတိယ မြောက် နိုင်ငံတစ်နိုင်ငံဖြစ်သည်။  

အေအက်ဖ်ပီ