
ရန်ကုန် သြဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ရှင် စေတီတော်ရင်ပြင် ပေါ်၌ ဂေါပကအဖွဲ့၏ကြီးကြပ်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီး မိခင်တိုင်းရင်းဆေးဝါးထုတ်လုပ် ရေးနှင့် တိုင်းရင်းဆေးသမားတော်များ စုပေါင်း ၍ ဆေးဝါးလှူရ-မြတ်ဒါနအခမ်းအနားကို ဩဂုတ် ၁ ရက်က ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး လှူဒါန်းမည့်ဆေးဝါးများကိုဂေါပကအဖွဲ့သို့ပေးအပ်ရာ ဂေါပကအဖွဲ့က လက်ခံရယူပြီး ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ရှင်စေတီတော် အလှည့်ကျသဘာပတိ ဦးအောင်ကိုဇော်က တိုင်းရင်းဆေးကုသ လှူဒါန်းရသော အကျိုးကျေးဇူးအကြောင်းများ ကို ပြောကြားပြီး တိုင်းရင်းဆေးသမားတော် ကြီး ဦးမြင့်သောင်း(ဒုတိယဥက္ကဋ္ဌ) မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်းက မိခင်ဆေးဝါး ထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးသမားတော် များ ဆေးဝါးကုသလှူဒါန်းနိုင်စေရန် အဖက် ဖက်မှ လိုလေသေးမရှိစီစဉ်ပေးကာ ဘုရား ရင်ပြင်တော်၌ ခွင့်ပြုပေးပါသော ဂေါပက အဖွဲ့နှင့် ဘုရားကြီး၏ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။
ယင်းနောက် ဂေါပကအဖွဲ့၏ခွင့်ပြုချက်ဖြင့် တိုင်းရင်းဆေးဝါးများ စတင်ကုသလှူဒါန်းခဲ့ရာ ဆေးဝါးကုသလှူဒါန်းခြင်းကို နံနက် ၁၁ နာရီ မှ မွန်းလွဲ ၃ နာရီအထိ ကုသလှူဒါန်းပေးပြီး ရရှိလာသော အလှူငွေများကို ဂေါပကအဖွဲ့သို့ ပေးအပ်လှူဒါန်းခဲ့ရာ ဂေါပကအဖွဲ့က ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)