
ကျောက်တလုံး မတ် ၄
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ကျောက်တလုံးကြီးမြို့ အထူးဒေသ (၆) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တည်ထား ကိုးကွယ်သည့် ဗိုလ်ပန္တကုန်းတော် မဟာဝံသဗုဒ္ဓဂယာစေတီတော် မြတ်ကြီး စိန်ဖူးတော်၊ ရွှေထီးတော်တင်လှူပူဇော်ပွဲကို ယနေ့ နံနက် ၇ နာရီခွဲက အဆိုပါ ဗိုလ်ပန္တကုန်းတော်၌ ကျင်းပသည်။
အခမ်းအနားကို ဆရာတော်၊ သံဃာတော်များနှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးခွန်စံလွင်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး အမှူးပြုသော ဧည့်ပရိသတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ပအိုဝ်းအမျိုးသား ခေါင်းဆောင် ဦးအောင်ခမ်းထီက သမ္မာဒေဝ နတ်ဗြဟ္မာများအား ပင့်ဖိတ် သည်။
ကိုးပါးသီလခံယူ
ဆက်လက်၍ တောင်ကြီး မြို့ မူလမင်းကွန်းကျောင်းတိုက် ဦးစီးပဓာန နာယက နိုင်ငံတော် သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိထံမှ ပရိသတ်များ က ကိုးပါးသီလခံယူဆောက် တည်ကြပြီး ဆရာတော်၊ သံဃာ တော်များက ပရိတ်တရားတော် များ ရွတ်ပွားချီးမြှင့်ကြသည်။
စိန်ဖူးတော်များဆက်ကပ်
ထို့နောက် ဗိုလ်ပန္တကုန်းတော် မဟာဝံသ ဗုဒ္ဓဂယာစေတီတော် မြတ်ကြီး စိန်ဖူးတော်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးခွန်စံလွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် ဇော်အေးတို့က ဆရာတော် သံဃာတော်များထံ ဆက်ကပ်ကြ ပြီး ရွှေထီးတော်နှင့် ဘုံအဆင့်တို့ ကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အလှူဒါယကာ များက ဆရာတော်၊သံဃာများထံ ဆက်ကပ်ကြသည်။
အနုမောဒနာ တရားနာယူ
ယင်းနောက် တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက် ဦးစီး ပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာသီရိထံမှ အနုမောဒနာ တရားနာယူ၍ အမျှပေးဝေကြ သည်။
ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများသည် စိန်ဖူးတော်နှင့် ရွှေထီးတော် ဘုံအဆင့်ဆင့်ကို မဟာဝံသ ဗုဒ္ဓဂယာစေတီကို လက်ယာရစ် တစ်ပတ် ပင့်ဆောင် ပူဇော်ကြပြီး မင်္ဂလာအချိန်တွင် ရွှေထီးတော်ဘုံအဆင့်များနှင့် စိန် ဖူးတော်တို့ကို တင်လှူပူဇော် ကြကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)