ဗီယက်နမ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၁၆၉ သန်းကျော်လွန်

 

ဟနွိုင်း   ဇန်နဝါရီ   ၁၇ 
ဗီယက်နမ်နိုင်ငံတွင် ဇန်နဝါရီ ၁၇  ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၆၃၇၈ ဦးရှိကြောင်းဖော်ပြခဲ့ပြီး ပြည်ပကူးစက်ဖြစ်ပွားသူ ၅၃ ဦးနှင့် ပြည်တွင်းကူးစက်ဖြစ်ပွားသူ ၁၆၃၂၅ ဦးဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ကြေညာသည်။ 
‌ကိုဗစ်-၁၉  ထပ်မံကူးစက်ဖြစ်ပွားမှုနှင့်အတူ နိုင်ငံတွင်း    ကိုဗစ်-၁၉    ကူးစက်ဖြစ်ပွားသူပေါင်း ၂၀၄၅၂၉၀ အထိ     ရောက်ရှိလာပြီး    ၃၅၇၈၈  ဦး သေဆုံးခဲ့ကြောင်း      ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်းထုတ်ပြန်ဖော်ပြခဲ့သည်။
ဗီယက်နမ်မြို့တော်  ဟနွိုင်းသည်  ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှု   အများဆုံးနေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး    ဇန်နဝါရီ  ၁၇  ရက်က ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ ၂၉၅၅ ဦးရှိခဲ့သည်။  ဒါနန်ပြည်နယ်မှ   ၉၂၄  ဦး၊    ဟန်ယန်ပြည်နယ်မှ ၆၇၅ ဦးတို့ ဖြစ်ကြသည်။
တစ်နေ့တည်းတွင် တောင်ပိုင်း ကာမူပြည်နယ် တွင်   ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ   ၅၃၆၆  ဦး စမ်းသပ်တွေ့ရှိခဲ့ကြောင်း  ကျန်းမာရေးအာဏာပိုင် များက ပြောသည်။ 
နိုင်ငံတစ်ဝန်း  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကျန်းမာလာသူ    ၁၇၄၇၄၆၂   ဦးရှိလာပြီး နိုင်ငံတစ်ဝန်း   ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးပြီးသူ ပေါင်းမှာလည်း     ၁၆၉  သန်း    ကျော်လွန်လာပြီ ဖြစ်သည်။ ယင်းအနက် ၇၂ ဒသမ ၄ သန်းမှာ ဒုတိယ အကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးပြီဖြစ်ကာ ၁၇  ဒသမ  ၉  သန်းမှာ   တတိယအကြိမ်ထိုးနှံပြီးပြီ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက် ဖော်ပြထားသည်။ 
ဗီယက်နမ်တွင်   ကိုရိုနာဗိုင်းရပ်စ်   လှိုင်းဂယက် လေးကြိမ်       တိုက်ခတ်ခြင်းကို    ကြီးမားစွာ ခံစားခဲ့ရသည်။  ဇန်နဝါရီ   ၁၇ ရက်အထိ  ပြည်တွင်း ကိုဗစ်-၁၉     ကူးစက်ဖြစ်ပွားသူပေါင်း   နှစ်သန်း ကျော်ရှိခဲ့သည်။    
ဆင်ဟွာ