
ဟနွိုင်း ဇူလိုင် ၁၂
ဗီယက်နမ်နိုင်ငံတွင် နေ့စဉ် ကိုဗစ် - ၁၉ ကူးစက် ဖြစ်ပွားသူ ငါးရက်ဆက်တိုက် စံချိန်တင်ခဲ့ပြီး ဇူလိုင် ၁၂ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၃၈၃ ဦး ရှိသဖြင့် ဇူလိုင် ၁၁ ရက် စံချိန်ဖြစ်သည့် ၁၉၅၃ ဦးကို ကျော်လွန်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။
ထပ်မံကူးစက်ဖြစ်ပွားသူများအနက် ၂၃၆၇ ဦးမှာ ပြည်တွင်းကူးစက်မှုဖြစ်ပြီး ၁၆ ဦးမှာ ပြည်ပကူးစက်မှု ဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်းမှာ ယခုအခါတွင် ၃၂၁၉၉ ဦးအထိ ရှိလာပြီဖြစ်သည်။
အစုလိုက် ကူးစက်ဖြစ်ပွားမှုများ အနက် ၁၇၆၄ ဦးမှာ ဟိုချီမင်းတောင်ပိုင်း၊ ၁၂၈ ဦးမှာ ဘင်ဒေါင်း တောင်ပိုင်း၊ ၁၁၈ ဦးမှာ တီယန်ဂင်တောင်ပိုင်းတို့မှအသီးသီးဖြစ်ကြသည်။
ဗီယက်နမ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ ၉၃၃၁ ဦး ရှိလာပြီဖြစ်သည်။
ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်း ကူးစက်ဖြစ်ပွားမှု ပေါင်း ၃၀၂၅၉ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဖော်ပြသည်။ ဆင်ဟွာ